🦋 37 🦋 (Final)

7.4K 538 82
                                    

"သား....မင်းသစ်"

ခေါ်သံများက နီးသွားလိုက်၊ ဝေးသွားလိုက်ဖြင့် အိပ်မက်သဖွယ်။ တစ်ကိုယ်လုံးလေးလံနေပြီး ခေါင်းကအုံခဲနေကာ ဆေးနံ့တို့ကား နှာခေါင်းထဲတိုးဝင်လို့လာသည်။ ထိတ်ခနဲရင်ခုန်သွားကာ မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်သည့်အခါ

"သား နိုးလာပြီ !! ဒေါက်တာ!!"

ဟူသော ဖခင်ဖြစ်သူရဲ့ အားရဝမ်းသာအသံ၊ မိခင်ဧ။် မျက်ရည်ဝိုင်းနေသော မျက်လုံးတစ်စုံနှင့်အတူ အဆင့်မြင့် ဆေးရုံခန်းတစ်ခု၊ ဆေးအနံ့အသက်များ၊ ခေတ်ပေါ်အသုံးအဆောင်များနှင့် ခပ်တိုးတိုးလေးဖွင့်ထားသော TV Channel တစ်ခု...။

ငါ ပြန်ရောက်လာပြီပဲ ဟူသောအသိက ကပ်လာသည့်အခါ အရှင့်သားဧ။်အငွေ့အသက်များနှင့် စကားသံ၊ ကိုယ်သင်းရနံ့တို့အား တမဟုတ်ခြင်းသတိရမိသွားကာ မျက်ရည်တို့ကား ဝဲတက်လာရသည်။

"မင်းသစ်...သား ဘယ်နေရာကအဆင်မပြေလို့လဲ"

"အရှင့်သား..."

ခပ်တိုးတိုးရေရွတ်တမ်းတကာ ရင်ဘတ်တစ်ခုလုံးက နင့်နဲသိပ်သည်းလာသည်မို့ ဖိကာငိုမိလေတော့ မွေးစားဖခင်ရော မိခင်ပါအလန့်တကြားဖြစ်ရ၏ ။

"လူနာ....တနေရာရာမှာ နာကျင်တာခံစားနေရလား"

ခေါင်းကိုတွင်တွင်ခါပြသော်လည်း မိမိ၏သွင်ပြင်က ဝေဒနာတစ်ခုကို ခံစားနေရသည့် လူနာသဖွယ်ပေမို့ ဆရာဝန်ကမျက်လုံးပင်မခွာ၊ ထို့ကြောင့် အသက်ဝဝရှုထုတ်လိုက်ကာ မျက်ရည်များကို သုတ်ပစ်လိုက်သည်။

"ကျွန်တော်မျိုး...အမ်..ကျွန်တော် အဆင်ပြေပါတယ်"

"သေနတ်ဒဏ်ရာကတော့ လုံးဝပျောက်ကင်းသွားခဲ့ပါပြီ။ ဒီရက်က ဘယ်နှစ်ရက် ဘယ်နှစ်လဆိုတာနဲ့ ခုနှစ်ကိုသိထားသလို ပြောပြပေးနိုင်မလား"

"ကျွန်တော် ဘယ်လောက်ကြာအောင် မေ့နေခဲ့တာလဲ မသိတော့...."

"ခန့်မှန်းဆိုရပါပြီ"

"ဇန်နဝါရီလကုန်ပိုင်းလောက်ဖြစ်မလား "

"ခုနှစ်ကရော"

"၂၀၂၃ ခုနှစ်ပါ"

"ဘာဖြစ်ခဲ့တယ်ဆိုတာကိုရော မှတ်မိပါသလား"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Onde as histórias ganham vida. Descobre agora