🦋 14 🦋

4.5K 585 38
                                    

ကီရာတိုကား အန်ချီထက်ပိုကျယ်ပြီး မိုခီလောက်တော့ ရှိမနေသော်ငြား လူအများလှုပ်ရှားသွားလာမှု အရှိဆုံးဟု ပြောရမလိုပင်။ မြို့ဧ။်အဝင်မှစတင်၍ သွားလာနေကြသည့် မြင်းလှည်းများ၊ လူများနှင့် ပစ္စည်းများရောင်းချသည့် ​ဈေးဆိုင်ငယ်လေးများက မနည်းမနောပင်ဖြစ်သည်။ ဆေးစွမ်းကောင်းများထွက်ရှိပြီး နတ်ဆေးဆရာများရှိရာတိုင်းပြည်ဟု တင်စားခြင်းခံရသည့် နေရာပေမို့ နေရာအနှံ့မှ ဆေးလာကုသူ အများအပြားရှိပြီး ထို့အတွက်ကြောင့်စားသောက်ဆိုင်များနှင့် တည်းခိုခန်းများမှာ လူအဝင်အထွက်က အပြည့်အနှက်ပင်ဖြစ်သည်။

"မင်းသား Aldous ဆီ သွားမှာလား အရှင့်သား"

"မင်းအတွေးကရော ဘယ်လိုရှိရော့သလဲ Kingsley"

"ကျွန်တော်မျိုးကတော့ စားချင်တာတွေစား၊လျှောက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပဲနေချင်ပေမယ့် အရှင့်သားအ​နေနဲ့ကျ ဘယ်လိုလုပ်ပြီး​နေနိုင်..."

"မင်းသား Aldous ထံမသွားတော့ပေဘူး။ သာမာန်ပြည်သူပြည်သားပုံစံနဲ့ပဲ တစ်ခါလောက် နေကြည့်ရော့မယ်"

မိမိဧ။်စကားမဆုံးခင်မှာပင် ဖြတ်ပြောလာကာ မြင်းကိုလဲ ကီရာတိုဧ။် ရဲတိုက်ထံဦးတည်ထားရာက လမ်းကြောင်းပြောင်းလှည့်ထွက်သွားသည့် မင်းသားအိုင်းဆက်နောက် အပျော်များကို မဖုံးနိုင်မဖိနိုင်ဖြင့် ​ကောင်းယံ ထပ်ကြပ်မကွာလိုက်ခဲ့သည်။

"အရှင့်သားက ကျွန်တော်မျိုး ပြောသမျှကို ဖြည့်ဆည်းပေးနေတော့တာပဲ"

"မင်း မနှစ်သက်ရော့လား Kingsley"

"မဟုတ်တာ မဟုတ်တာ ကျွန်တော်မျိုးက ပျော်တာပေါ့။ အရှင့်သား ​နေရထိုင်ရခက်ခဲမှာကို ပူပန်တာပါ"

"ငါ စစ်ချီတဲ့အခါတိုင်းလဲ ဒီလိုပဲနေဖူးပါတယ် မင်းမသိတာလဲမဟုတ်ပေပဲနဲ့။ အဲ့ဒါတွေပါ မေ့ကုန်ရော့သလား။"

"စစ်ချီတာနဲ့သာမာန်ပြည်သားလို နေကြည့်တာမျိုးက ခံစားချက်ခြင်း မတူညီဘူးလေ အရှင့်သားရဲ့"

"အင်း အခုက ငါ့ရဲ့ပထမဆုံးအကြိမ် ဖြစ်ပေတယ်"

ထိုသို့ဆိုလာသည့် မင်းသားအိုင်းဆက်ဧ။် မျက်လုံးတွေထဲတွင်လည်း အသစ်အဆန်းတခုကို မြည်းစမ်းရခါနီး စိတ်လှုပ်ရှားပျော်ရွှင်နေသည့် အရိပ်အယောင်များကို ​ကောင်းယံတွေ့နေရသည်။ သာမာန်အရပ်သားလို နေထိုင်ကြမည်ဆိုခြင်းက မိမိဧ။်ဆန္ဒဖြစ်သော်ငြား မင်းသားပါပျော်နေခြင်းကြောင့် ကောင်းယံပိုပျော်လာရပြီး ထိုအပျော်စိတ်က ​နေ့လည်စာစားခါနီး စားသောက်ဆိုင်လေးတခုအရှေ့မှာ အဆုံးသတ်သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now