🦋 17 🦋

4.6K 598 54
                                    

ခြေကျင်းဝတ်မှ ဒဏ်ရာ​တွေက တဆစ်ဆစ်နာ​နေခြင်းကောင့် နေအိမ်ပြန်ရောက်ပြီးကတည်းက ကောင်းယံဘာမှမစဉ်းစားနိုင်စွာ အိပ်ရာဝင်ခဲ့သည်မှာ ပြန်နိုးချိန်တွင်တော့ ညနေတောင်စောင်းလုပင်ဖြစ်သည်။ မီးအိမ်လေးလင်းနေသည့်အိမ်လေးထဲ ဆတ်ခနဲထထိုင်မိ​တော့ Land က အနားသို့ပြေးလာခဲ့သည်။

"နိုးပြီလားစစ်သူကြီး တ​နေ့လုံး ကျွန်တော့်မှာစိုးရိမ်နေရတာ"

"ငါ ဒီလောက်တောင်အိပ်ပျော်သွားတာလား။ ခြေထောက်ကရော"

ပြောပြောဆိုဆို ခြေ​ထောက်ဒဏ်ရာဆီ လှမ်းအကြည့်မှာတော့ အဝတ်တခုဖြင့် စည်း​နှောင်ထားပြီး နာကျင်မှုလဲအတော်ကိုလျော့ပါးနေခဲ့သည်။

"အရှင့်သားက မနက်ကတည်းက ​ဆေးပုလင်းပေးလိုက်ပါတယ်။ စစ်သူကြီးကအိပ်နေတော့ မပေးရသေးတာကို ​နေ့လည်က အရှင့်သားရောက်လာပြီး ကိုယ်တိုင်ဆေးထည့်ပေး အဝတ်စည်းပေးသွားခဲ့တာ"

"အရှင့်သားရောက်လာသေးတာလား ဘာပြောသေးလဲ"

"ဘာမှမပြောပါဘူး။ အပြင်ခဏထွက်လာရင်းနဲ့ Kingsley ဘယ်လိုနေလဲဆိုတာ ဝင်ကြည့်တာတဲ့။ အိပ်နေတယ်ဆိုတော့ ဆေးထည့်ပေးပြီး မနက်ဖြန်မနက် သူ့ဆီကို လာခဲ့ပါလို့ပြောသွားတယ်"

"Land ငါ ဗိုက်ဆာတယ်"

"ဒီလိုပဲပြောမယ်ဆိုတာသိလို့ စားပွဲပြင်ထားတယ်"

နေအိမ်အတွင်းရှိ ခပ်ဟောင်းဟောင်း စားပွဲလေးအပေါ် စားစရာတော်တော်များများရှိနေပြီး အမျိုးအမည် မခေါ်တတ်သော်ငြား ကြက်ကောင်လုံးကင်ပါတာနဲ့တင် မိမိအတွက် ကျန်တာမလိုအပ်တော့။ သတိလက်လွတ်ဖြင့် အားရပါးရစားပြီးမှ ပြူးကြည့်နေသည့် Land ကိုသတိထားမိတော့သည်။

"မင်းလဲဝင်စားလေ"

"ကျွန်တော် အိမ်ပြန်ရောက်မှပဲ စားပါတော့မယ်"

"မမူစမ်းပါနဲ့ ရော့..."

"မူတာက ဘာကိုပြောတာများလဲ စစ်သူကြီး"

"မင်းမသိလဲဖြစ်တယ်။ ​မေ့လိုက်"

မစားပါဘူးဟုငြင်းထားသည့် Land က တကယ်တမ်းတော့ သူ့လက်ကိုပင် ​ကောင်းယံရှောင်မလွတ်၊ ညစာပြီးသွားပြီးနောက် ပြတင်းပေါက်နားရပ်ကာ ပြင်ပဆီသို့ကြည့်၍ အတွေးများက လွင့်စပြုလာသည်။ ရေကန်ကိုရှာတွေ့လျှင်ပြန်လို့ရပြီဟု တွက်ဆထားသည့်မိမိအတွက် ရေကန်ကသာမာန် ​ရေကန်တခုသာဟု သိလိုက်ရသည့် တခဏ မျှော်လင့်ချက်မှန်သမျှက ရိုက်ချိုးခံရသည့်နှယ်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now