တဖြည်းဖြည်းညည့်နက်လာခြင်းကြောင့် အမှောင်ထုကပိုသထက်ပိုလာပြီး တောအုပ်ထဲဖြတ်သန်းနေရခြင်းအပေါ် ကောင်းယံစိတ်ထဲ သရိုးသရီစတင် ဖြစ်လာခဲ့ရသည်။ကြောက်သည်လားဆိုတော့လည်း မဟုတ်သလို မကြောက်ဘူးလား ဆိုတော့လည်း မဟုတ်ပြန်ရာ။ မြင်းကို မင်သားအိုင်းဆက်ဧ။်အနီး ထပ်တိုးကပ်လိုက်တော့ ဖျတ်ခနဲ လှည့်ကြည့်လာသည်။
"ကြောက်နေရော့သလား Kingsley "
"ကျွန်တော်မျိုးအတွက် ကြောက်စရာဆိုတာ မရှိပါဘူး အရှင့်သား"
အပြောနှင့်အသံမလိုက်ဖက်စွာ အနည်းငယ်ယိုင်တိုင်တိုင် ထွက်ပေါ်လာခြင်းကြောင့် မင်းသားအိုင်းဆက်ကပြုံး၍ ခေါင်းခါယမ်းလို့နေသည်။ အမှောင်ထုကရှိနေသည့်တိုင် နီးနီးကပ်ကပ်ရှိခြင်းကြောင့် ကောင်းစွာမြင်နေရပြီး ဖြူဥနေသည့် အသားအရေနှင့် ရွှေရောင်မျက်ဆန်လေးတွေက အမှောင်ထုထဲ အလင်းပမာ။
ရှေ့ဆက်ခဲ့ကြပြီး အနည်းငယ်ခန့်အကြာတွင် ကောင်းယံဧ။်နားထဲသို့ မိန်းမတစ်ယောက်ဧ။် အော်သံကဲ့သို့ အသံတစ်သံတိုးဝင်လာပြီး ထိုအသံမှာ မိမိတို့ဧ။်အပေါ်ဘက် တောအုပ်အမြင့်ပိုင်းထဲမှ ထွက်ပေါ်လာခြင်း။ မင်းသားအိုင်းဆက်သည်လည်း ကြားလိုက်ဟန်ရှိပြီး မြင်းကိုတုံ့ခနဲရပ်စေကာ မိမိကိုတချက်ကြည့်လာပြီးနောက် အသံထွက်လာရာ တောအုပ်အမြင့်ပိုင်း အမှောင်ထုထဲသို့ နှစ်ဦးစလုံး စူးစိုက်ကြည့်ခဲ့ကြသော်လည်း ဘာအသံမှထပ်ထွက်လာခြင်း မရှိ။
"နားကြားမှားတာနေပါမယ် အရှင့်သား"
ဟုဆိုကာ ဆက်ထွက်အံ့ဆဲဆဲမှာပင် အသံကားထပ်မံထွက်ပေါ်လာပြန်ပြီး ဒီတကြိမ်မှာ အကူအညီတောင်းခံသည့် ထိုအသံက ပီသနေပြီမို့ မင်းသားအိုင်းဆက်က မြင်းကိုလှည့်ကာ အသံလာရာဆီသို့ ဒုန်းဆိုင်းပြေးတက်သွားတော့သည်။ တစ်နေရာအရောက်မှာတော့ လက်တဖက်ထောင်ပြကာ မိမိကိုပါရပ်တန့်စေခဲ့ပြီး ထိုနေရာမှာပင် မြင်းတွေကိုချန်ရစ်၍ အနည်းငယ်လျှောက်လာခဲ့ကြသည်။
"အရှင့်သား..."
မိမိဧ။်ခပ်တိုးတိုးခေါ်သံကိုပင် မင်းသားအိုင်းဆက်က အသံမထွက်ရန်လှည့်၍ အချက်ပြလာပြီး တနေရာဆီသို့ လက်ညှိုးညွှန်ပြလာသည်။ ထိုနေရာဆီမှာတော့ လူ၃ယောက်ခန့်ရှိကာ မြင်းကိုယ်စီနှင့်ဖြစ်ပြီး ရှေ့ဆုံးမှမြင်းဧ။်ရှေ့တွင် လွှတ်ပေးရန်တောင်းဆိုနေသည့် မိန်းမငယ်တစ်ဦးရှိနေသည်။ တောအုပ်ထဲပေမို့ ရှင်းလင်းစွာမမြင်ရသော်လည်း ထိုမိန်းမငယ်ဧ။် ပုံပန်းသဏ္ဍန်အရ လက်နှစ်ဖက်လုံးကို ကြိုးဖြင့်တုပ်ထားပြီး တနေရာရာသို့ ခေါ်ဆောင်ခြင်းခံနေရသည့်ဟန်။ ထိုလူသုံးယောက်ဧ။် ပုံစံကိုစူးစိုက်ကြည့်နေရင်းမှ မည်သူတွေဖြစ်မှန်း ကောင်းယံသိလိုက်သည့် အချိန်တွင်တော့ မျက်လုံးတွေပြူးကျယ်လာခဲ့တော့သည်။
KAMU SEDANG MEMBACA
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasi13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...