🦋 35 🦋

3.6K 400 59
                                    

အသိစိတ်ရယ်လို့ ကပ်ငြိလာသည်နှင့်တစ်ပြိုင်နက် အိုင်းဆက်ခံစားမိသည်မှာ ခန္ဓာကိုယ်သို့မကြာခဏထိတွေ့လာသည့် လေထုနှင့် လှိုင်းသံကဲ့သို့သောရေသံကိုပင်ဖြစ်သည်။ ရဲတိုက်ထဲက ထွက်လာကြသည့်အသိက ​နောက်ဆုံးမှတ်ဥာဏ်ဖြစ်ပြီး လက်ရှိကာလမှာတော့ ဘယ်နေရာကိုရောက်နေသလဲဆိုတာ မသိရ။ ထို့အတူ ​နောက်ထပ်လူတစ်ဦးကိုတွေးမိလာသောအခါ

"ကောင်းယံ"

နှုတ်မှခပ်တိုးတိုးရေရွတ်မိပြီး မျက်လုံးများကိုဖွင့်ကြည့်လိုက်သည့်အခါ အလင်းရောင်သဲ့သဲ့နှင့် ကျောက်သားထုကိုအရင်မြင်ရသည်။ ဘေးဘီယာသို့ဝေ့ကြည့်သည့်အခါ ကျောက်နံရံများသာရှိပြီး အတော်အတန်းကျယ်ဝန်းသည့် အတွင်းပိုင်းကိုမြင်လိုက်ရသည်။ ပန်းကန်ခွက်ယောက်အချို့၊ ဆေးဘူးတစ်ချို့၊ဝတ်ရုံတစ်ချို့နှင့် ခေါက်သိမ်းထားသည့်အိပ်ရာငယ်တစ်ခု၊ မိမိကတော့ ​တော်တော်ထူထူထဲထဲ ခင်းပေးထားသည့် နေရာတစ်ခုပေါ်တွင် လှဲလျောင်းလျက်သား။ ခြုံ၍ပြောရသော် ဂူတစ်ဂူအတွင်းသို့ရောက်ရှိနေမှန်း သတိချပ်မိပြီး ထိုဂူသည် မိမိသိထားသည့် ဂူတွေထဲကတစ်ခုမှန်းလဲ သတိပြုမိလိုက်သည်။

"အရှင့်သား.."

ခြေသံနှင့်အတူ ငါး​တွေကိုင်ကာဝင်လာသည့် ​ကောင်းယံက အိပ်ရာ​ပေါ်ထထိုင်​နေသည့် မိမိကိုမြင်​တော့ ဝမ်းသာအယ်လဲလှိုက်တုန်နေသည့် အသံနှင့်အတူ အတင်းပြေးဖက်လို့လာဧ။်။

"အရှင့်သားနိုးလာပြီ!! အရှင့်သားနိုးလာပြီ ကျွန်တော်မျိုးဘယ်လောက်စိတ်ပူနေခဲ့လဲ သိရဲ့လား"

"ကောင်းယံ"

"ကျွန်တော်မျိုးလေ မိုခီတာကို ကူးပြောင်းရောက်ခဲ့စဉ်ကတောင် ဒီလောက်ကူရာကယ်ရာမဲ့တယ်လို့ မခံစားခဲ့ရဘူး။မလှုပ်မယှက်နဲ့ ဝေဒနာခံစားနေရတဲ့ အရှင့်သားကို ​နေ့တိုင်းအချိန်မလပ်ထိုင်ကြည့်ရင်း ကြောက်လာတယ်၊အားငယ်လာတယ်၊ဝမ်းနည်းလာတယ်"

"အခု ငါနိုးလာရော့ပြီပဲ"

"ဒါပေမဲ့....အရှင့်သားက..."

"ရှူး.....အခုကြည့် ငါ နိုးလာ​ရော့ပြီ​လေ ကောင်းယံ။ နိုးလာပြီကို စိတ်ပူနေသေးရော့သလား"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now