🦋 9 🦋

5.7K 689 67
                                    

"အရှင့်သားကို ကျွန်ုပ်စောင့်ဆိုင်းနေတာ ကြာခဲ့ပါပြီ။ ကံကြမ္မာဆိုးကြီး ဖြစ်ပေါ်မလာသေးခင် အကျွန်ုပ်ကိုတွေ့အောင်ရှာပါ။ ဖြစ်​ပေါ်လာခဲ့ပြီးရင်​တော့ အဲ့ဒီ ကံကြမ္မာဆိုးကြီးကို နတ်ဘုရားတို့စောင့်ရှောက်ခြင်းခံရတဲ့ မင်းသားတစ်ပါးနဲ့ သူဧ။်ထူးခြားတဲ့ အပါးတော်မြဲတို့ကသာ ဟန့်တားနှိမ်နှင်းနိုင်မှာပါ။ တောတောင်တွေထဲမှာ ကျွန်ုပ်ရှိနေပါတယ် အရှင့်သား"

လှိုက်မောစွာ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ တိတ်ဆိတ်ငြိမ်သက်ပြီး မီးအိမ်မှထွက်ရှိသည့် အလင်းရောင်ပြပြ လွှမ်းမိုးထားသော မိမိဧ။်အိပ်ဆောင်ဧ။် မြင်ကွင်းပေါ်လာပြီး အိုင်းဆက် စိတ်သက်သာရာ အနည်းငယ်ရရှိသွားသည်။ မကြာခဏမက်နေကျ အိပ်မက်ဖြစ်သည့်အတွက် မိမိအတွက် ထူးဆန်းမနေသော်ငြား အထိန်းတော်ကြီးကတော့ ထိုသို့ဟုတ်ဟန်မတူပဲ အခန်းတံခါးကို အသာအယာ​ခေါက်ကာ အသံပြုလာသည်။

"အဆင်ပြေပါရဲ့လား အရှင့်သား။ ကျွန်တော်မျိုး သမားတော်ပင့်ပေးရမလား"

"ရတယ် အဆင်ပြေပါတယ်"

"ကိုယ်ခန္ဓာမှာ တစုံတရာ မနေသာဘူးဆို မခြွင်းချန်ပဲပြောပါ အရှင့်သား။ အရှင့်သားရဲ့ကျန်းမာရေးအတွက် အရှင်မင်းကြီးကရော မိဖုရားကြီးကရော သိပ်စိတ်ပူနေပါတယ်"

"ကောင်းပြီ"

အိမ်မက်ဆိုးကနိုးထတိုင်း ခံစားရသည့် လှိုက်မောမွန်းကြပ်မှုကြီးကို​ ပြေ​ပျောက်​စေရန် အိပ်ယာထက်မှ အသာဆင်းကာ ရေတခွက်ဌဲ့ယူလိုက်သည်။ ကြေးခွက်လေးထဲမှ ​ရေအေးအေးလေးများ လည်ချောင်းတစ်လျှောက်ဖြတ်သွားချိန် မွန်းကြပ်မှုများက လျော့ပါသွားသလိုပင်။ ဖွင့်ဟထားသည့် လေသာပြတင်း​ပေါက်ထံမှ ကျော်ဖြတ်ဝင်ရောက်လာသည့် အ​ရောင်အဝါ​တောက်ပ​နေသည့် လိပ်ပြာကြီးကိုမြင်တော့ အိုင်းဆက် မျက်နှာထက်ဝယ် အပြုံးတို့က စတင်တွဲခိုလာသည်။

Iအသင် ပြန်လာပြီပဲ။ ဒီတကြိမ်မှာ တော်တော်အထိနာသွား​လေ​ရော့သလား အကြာကြီးပဲ ​စောင့်ဆိုင်းခဲ့ရတယ်"

ဟု ဆိုကာ လက်တဖက်ကို ဆန့်တန်းပေးလိုက်သည့်အခါ ထိုလိပ်ပြာကြီးက အိုင်းဆက်ဧ။်နဖူးကို အရိုအ​သေ​ပေးသည့်နှယ် တချက်မျှတွန်းတိုက်ပြီးမှ လက်ခုံပေါ်သို့ဆင်းသက်ခိုးနားသည်။ အတောင်ပံတဖျတ်ဖျတ်ခတ်ကာ မိမိမျက်နှာကိုသာ တည့်မတ်စွာကြည့်နေသည့် ထိုလိပ်ပြာကြီးကို သူနားခိုနေကျ ထောင့်နေရာလေးမှာ တင်ပေးလိုက်သည်။ ထို့နောက်....

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now