🦋 34 🦋

3.8K 395 23
                                    

ကိုယ်ခန္ဓာတစ်ခုလုံးသည် ချမ်းစိမ့်တက်နေကာ ထုတ်ချင်းပေါက်ဓားဒဏ်ရာဆီမှ နာကျင်မှုသည်လည်းအတိုင်းအဆမရှိ၊ Lord ပြောထားသည့် အရှင့်သားနိုးနေမှရမည်ဆိုသော စကားကြောင့်သာ တင်းခံထားရပြီး မျက်ခွံများကတော့ပူလောင်ကျိန်းစက်၍ စိတ်လျှော့လိုက်ပါက အချိန်မရွေးမှိတ်ကျသွားလိမ့်မည်ထင်ဧ။်။

"အရှင့်သား ကျွန်တော်မျိုးတို့ ခဏနေရင် ဒီနေရာကနေထွက်ကြမယ်နော်။ ရေလေးသောက်ချင်လား"

"မ..သောက်...ချင်..ရော့ဘူး"

အိပ်ယာဘေးဒူးထောက်ထိုင်ကာ မိမိလက်တစ်ဖက်ကိုဖွဖွလေးဆုပ်ကိုင်ပွတ်သပ်ကာ ပြောနေသည့် ​ကောင်းယံကို အသံကြောင့်သာ ရှိနေမှန်းခံစားသိရှိနေပြီး အမြင်အာရုံကတော့ အတော်ကိုပြာဝေနေခဲ့ပြီဖြစ်သည်။

"စစ်သူကြီး အချိန်ကျပါပြီ"

Land ထံမှ အသံကြောင့် အရှင့်သားကိုကောင်းယံပြန်ငုံ့ကြည့်လိုက်သည်။ မျက်လုံးများဖွင့်ထားသော်လည်း သေချာစွာဘာမှမြင်ပုံမရ၊ မိမိကိုင်ထားသည့်သူဧ။် လက်တစ်ဖက်က ကြောက်မက်ဖွယ်ရာအေးစက်လို့နေဧ။်။

"အရှင့်သား ကျွန်တော်တို့ ဒီကထွက်ခွာကြရမယ့် အချိန်ရောက်ပါပြီ။ ထပါ သွားကြရအောင်"

"............"

"လာ ဖြေးဖြေးထ ကျွန်တော်မျိုးထိန်းပေးမယ်နော်.."

"ငါ အရမ်း...နာ...တယ်..Kin...kingsley"

ကြိုးစားထနေသည့်တိုင် ချွေးများအလုံးလိုက်စို့ထွက်လာကာ အသံတွေတုန်ယင်နေသည့် အရှင့်သားကအတော်ကိုနာကျင်နေဟန်။ ဓားရှည်ဖြင့် ရင်ညွန့်မှကျောဘက်ထိ ​ဖောက်ထွက်ဒဏ်ရာဆိုသည်မှာလဲ တော်တန်ရုံလူအဖို့နေရာတွင်ပင်သေသွားနိုင်လောက်အောင် ပြင်းထန်လှသည်မို့ အရှင့်သား မည်မျှပင်ခံနိုင်ရည် ကြီးမားပါ​စေ အလူးအလှိမ့်ခံစား​နေရာမှာတော့ အသေအချာပင်။

"ရပါတယ် အရှင့်သား။ ကျွန်တော်မျိုးက အရှင့်သားဘေးမှာနေပေးမယ်လေ။ ပွေ့ထားပေးမှာမို့ ကျွန်တော်မျိုးကိုမှီပြီး အသာထကြည့်ပါ။ "

ဂျိုင်းနှစ်ဖက်မှလက်လျှိုကာ အသာဆွဲမတော့ ဒဏ်ရာဧ။်နကျင်မှုကို အံကိုတင်းတင်းကြိတ်​တောင့်ခံထားသည့် အရှင့်သားမှာ နောက်ဆုံးတော့ထရပ်နိုင်ခဲ့ပြီဖြစ်သည်။ အရှင့်သားထရပ်ပြီးသည်နှင့် Lord က ခပ်စုတ်စုတ်ဝတ်စုံတခုကိုယူလာကာ ဤသို့ပြောလာခဲ့သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Wo Geschichten leben. Entdecke jetzt