🦋 36 🦋

3.8K 425 49
                                    

ညအမှောင်ထုကြီးစိုးနေသည့်အချိန်ပေမို့ တောအုပ်ထဲလိုနေရာမျိုးတွင် ပို၍နက်မှောင်သည်။ ထိုအမှောင်ထုထဲ ဖြတ်သန်းနေကြသော မြင်းတွေနှင့်လူများ၊ တနည်းအားဖြင့် အနက်ရောင်မြင်းတပ်ကတော့ သူတို့ဧ။်အရှင်သခင်ဖြစ်သည့် ဒဏ္ဍာရီလာသတ္တဝါကြီးနှင့်အတူ မီးရောင်များမြင်းနေရသည့် တိုင်းပြည်တစ်ခုဆီသို့ ဦးတည်သွားနေခဲ့သည်။

မီးရောင်များအား တဖြည်းဖြည်းပို၍ မြင်နေရခြင်းက ဒါဟာဦးတည်ရာနေရာသို့ နီးကပ်လာပြီဆိုသော အဓိပ္ပယ်ပင်ဖြစ်သည်။ လူတစ်ပိုင်း၊မိစ္ဆာတစ်ပိုင်း စစ်သည်တော်များကိုဦးဆောင်လာသူ Aldorus တစ်ဖြစ်လဲ ဒဏ္ဍရီလာသတ္တဝါကြီးက အင်တိုက်အားတိုက်ဖြင့် တိုက်ခိုက်ရန်ကြံစည်ပြီးကာမှ တစုံတခုကို သတိပြုမိသည့်အလား အတောင်များကို ရုတ်သိမ်းကာ ​မြေပြင်သို့ဆင်းသက်လိုက်ပြီး မြေပြင်နှင့်ခြေထောက် ထိပြီးသည်နှင့် လူ့အသွင်သို့ ​ပြောင်းလဲသွားခဲ့သည်။

"ဘာများဖြစ်လို့ပါလဲ အရှင်"

အန်ချီ တိုင်းပြည်ကြီးတစ်ခုလုံးမှာ လူသူအရိပ်အယောင်များမရှိ၊ သွားလာလှုပ်ရှားခြင်းမရှိ ၊ ယုတ်စွအဆုံးမြို့ရိုးတွင်ပင်စောင့်ကြပ်နေခြင်းမရှိ၊ မီးတုတ်များသာ လင်းထိန်​နေ​အောင် ထွန်းညှိထားပြီး အခွံသက်သက်ကြီးသာ ကျန်ရစ်နေခဲ့သည့်သဖွယ်။ Elroy ကို ​မိမိ လျှော့တွက်မိခဲ့သည့်ပုံပင်၊ ယခုအခြေအနေအရ Elroy သည်လည်း မိမိသည် ဒဏ္ဍာရီလာသတ္တဝါကြီး ဖြစ်လာခဲ့ခြင်းကို ရှင်းလင်းစွာသိသွားသည့်ဟန်။ ထိုမြင်ကွင်းကို Aldorus စိုက်ကြည့်နေရာက

"ငါတို့နောက်ကျသွားခဲ့ပြီး အန်ချီက ငါလာလိမ့်မယ်ဆိုတာကို ရိပ်မိသွားခဲ့ပေတယ်"

ဟု ဆိုလိုက်သည့်အခါ ထိုစစ်မက်ကထပ်မံပြောကြားလာခဲ့သည်။

"မိုခီတာကိုချီတက်ကြမည်လား အရှင်"

"လာရာလမ်းအတိုင်း ပြန်လှည့်ကြရပေမယ်။ မိုခီတာမှာ စစ်မက်အင်အား အများကြီးရှိလှတယ်"

"အရှင့်ရဲ့မီးတစ်ချက်အမှုတ်မှာ သက်ရှိသက်မဲ့အရာဝထ္ထုတိုင်းက ပြာကျမြေခသွားရမှာပါ။ ခရီးအတော်ပေါက်ခဲ့ပြီးတဲ့အပြင် မသေမျိုးနွယ် ကျွန်တော်မျိုးတို့ကလဲ စစ်မက်ပေါင်းများစွာနဲ့ ယှဉ်နိုင်ပေတာမို့ စဉ်းစားလှည့်ပါဦးအရှင် "

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now