S2 & Explanation

4.6K 236 34
                                    

Duchess Of Viscount အတွက် ပြောပြချင်တာလေးတွေရှိလို့ပါ။ မပြောခင် Facebook မှာ Cho Yee ဆိုတဲ့နာမည်နဲ့အကောင့်တစ်ခုရှိတယ် အခု Wattpad Profile နဲ့ပုံတူတူပါပဲ။ Post သုံးလေးခုကို ကျော်လိုက်ရင်

Facts About Duchess Of Viscount ဆိုပြီးတင်ထားတာရှိပြီး အဲ့ဒီမှာ အချက်အလက်တော်တော်များများရေးထားတာမို့ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။ Public တင်ထားတာမို့ Follow စရာမလို၊ Friend add စရာမလိုပဲ ဘယ်သူမဆိုဖတ်လို့ရပါတယ်။ ကျန်တာကတော့ ဒီမှာဖတ်ပါနော်

1) ဇတ်သိမ်းမြန်မြန်လေးပြီးသွားတယ်လို့ ထင်ကြသူတွေရှိတယ်ပေါ့နော်။ ဇတ်အိမ်က အဆုံးစွန်ကိုရောက်နေခဲ့ပါပြီ ကောင်းယံပြန်နိုးလာမယ်၊ စစ်ပွဲနိုင်မယ်၊ တနည်းနည်းနဲ့ပြန်တွေ့ကြမယ် ဒါပဲကျန်တော့တာမို့ အပိုင်းတွေခွဲဖို့ရာ အဆင်မပြေတော့ပါဘူး

2) အိုင်းဆက် နန်းတက်လာတာနဲ့ မိုခီတာရဲ့အကြောင်း၊ အိုင်းဆက်က ကောင်းယံကိုလွမ်းဆွတ်တာတွေကို ချမရေးပြတာကလဲ ခုနပြောသလို အပိုင်းထပ်ရှည်ပြီး တစ်ယောက်ချင်းစီအကြောင်း ရေးပြနေရသလိုဖြစ်မှာစိုးတာရယ် ၊ ပြီးတော့ S2 ကျရင် ဘယ်လိုဖြတ်သန်းနေထိုင်ခဲ့သလဲဆိုတာတွေက တစ်ပိုင်းတစ်စစီ မကြာခဏဆိုသလို ကြားဝင်ပါလာမှာမို့ S1 မှာ အရှည်မရေးပြခဲ့တော့ပါဘူး။

3) ကောင်းယံပြန်လာခဲ့ရင်....
ဒါကိုတော့ facebook Post မှာရှင်းပြထားပြီးဖြစ်လို့ အသေးစိတ်အဲ့ဒီမှာဖတ်လို့ရပါတယ်။ S2 ဟာ Modern ခေတ်ကိုဇတ်အိမ်တည်ရမှာမို့ S1 မှာ ကောင်းယံ မိုခီတာကိုပြန်တယ်၊ S2 မှာ မျက်မှောက်ခေတ်ကို ပြန်ရောက်တယ်ဆိုပြီး ခေတ်နှစ်ခေတ်အကူးအပြောင်းကို အိမ်ဦးနဲ့ကြမ်းပြင်ကူးနေသလို မရေးပြချင်တာလဲပါပါတယ်။

4) အိုင်းဆက် လူဝင်စားအဖြစ်ပြန်လာတယ်ဆိုတာလဲ နံပါတ်၃မှာပြောသလို မျက်မှောက်ခေတ်ဇတ်အိမ်မှာ မျက်မှောက်ခေတ်လူအနေနဲ့ ရေးပြချင်ပါတယ်။ မသေမျိုးနွယ်မဟုတ်တဲ့ အိုင်းဆက်အနေနဲ့က ပြန်လာလို့မရတဲ့ကောင်းယံနဲ့ ပြန်တွေ့ဖို့က လူဝင်စားအဖြစ်နဲ့တွေ့မှရမှာပါ။

5) အိုင်းဆက်ဟာ အရှင့်သားမဟုတ်တဲ့ လူပေမယ့် အိုင်းဆက်ဟာအိုင်းဆက်ပါပဲ။ တစ်ပုံစံတည်းတူတဲ့အပြင် သူဟာအတိတ်ဘဝကို တနည်းနည်းနဲ့သိရှိနေသူပါ (ဆက်ပြောရင် S2 အတွက် Spoil ဖြစ်မှာစိုးလို့ ရပ်ပါမယ်နော် 😁) ။ သူ့ဘဝအဟောင်းကိုသိနေတယ် ကောင်းယံကိုလဲ မှတ်မိနေပါတယ် ဒါကြောင့်ဆွဲကြိုးပြန်ပေးပြီး Date ခွင့်တောင်းခဲ့တဲ့အပြင် Duchess Of Viscount ကို လာရှာတာပါ တွေ့လဲတွေ့ပါပြီလို့ သူပြောခဲ့တာကို ဇတ်သိမ်းပိုင်းမှာ ထည့်ရေးပြပေးထားပါတယ်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now