🦋 29 🦋

3.4K 423 10
                                    

"ခမည်းတော်ကို ဂါရဝပြုပါတယ် ။ ခရီးပန်းနေရော့ပေါ့"

"ခန္ဓာကိုယ်ဘယ်လိုနေသေးသလဲ အိုင်းဆက်"

"ခဏတာပါ ခမည်းတော်။ ​ကောင်းမွန်သွားပါပြီ"

"အန်ချီရဲ့စစ်ကြေငြာမှုအပေါ် မင်းဘယ်လိုစဉ်းစားထားလေသလဲ"

"ပူပန်နေရော့သလားခမည်းတော်။ အန်ချီက မိုခီတာကိုမကျော်လွန်နိုင်သလို Elroy လဲ ကျွန်တော့်ကိုမယှဉ်နိုင်တာမို့လို့ ပူပန်နေစရာ မလိုအပ်ရော့ပါဘူး။"

"စိတ်တွေလေးလံနေတယ်။ အစစအရာရာ သတိကပ်၍လုပ်ဆောင်လှည့်ပါ"

"စိတ်ချလှည့်ပါခမည်း​တော်"

"သွားနားချေဦး "

"ခမည်းတော်လဲအနားယူလှည့်ပါ"

ခရီးပန်းလာ၍လား၊ စစ်ရေးကိုမကြုံဆုံဖူး​သေး၍ စိုးရိမ်နေသည်လားမသိ ခမည်းတော်ဧ။်မျက်နှာမှာ နွမ်းနယ်နေဧ။်။ ခန်းမဆောင်ဧ။်ပြင်ပသို့ ​ရောက်ရှိသွားသည့်အခါ အခြွေအရံများနှင့်အတူ အသင့်စောင့်ဆိုင်းနေသော မယ်တော်ကိုတွေ့လိုက်ရသည့်အခါ အိုင်းဆက်မှာအံ့သြစိတ်ဖြင့် နှုတ်ခမ်းများပင် ပွင့်ဟသွားရသည်။

"မယ်တော် မနက်ဝေလီဝေလင်းပဲ ရှိသေးချိန်မှာ နိုးနေရော့ပြီလား"

ထိုအခါမယ်တော်က မိမိအားအသာအယာပွေ့ဖက်ကာ ခပ်တိုးတိုးဆိုလာသည်။

"မယ်တော်မအိပ်ရသေးဘူး သားတော်"

"ဘာတွေများ ပူပန်နေရော့သလဲ"

"သားတော်နေမကောင်းဖြစ်နေတာကို မယ်တော်က ဘယ်လိုစိတ်နဲ့အိပ်ပျော်လိမ့်ပါ့မလဲ။ ပြီးတော့ အန်ချီက စစ်ကြော်ငြာသွားခဲ့တယ်ဆို"

"စစ်ရေးစစ်ရာကိစ္စကို ကျွန်​တော်နဲ့ခမည်း​တော်က နိုင်နင်းစွာကိုင်တွယ်မှာဖြစ်လို့ မယ်တော်အနေနဲ့ မပူပန်​ရော့ပါနဲ့။ ကျွန်တော်နေမကောင်းမဖြစ်ပါဘူး အိပ်မက်ရဲ့ရိုက်ခတ်မှုကိုခံစားဖူးတာ ဒါပထမဆုံးမှမဟုတ်ရော့ပဲ"

"သားတော် Kingsley နဲ့...."

"Kingsley ပတ်သတ်ပြီး မပြောပဲနေကြလို့ မဖြစ်ရော့ဘူးလား။ မယ်တော်တို့က သူနဲ့ပတ်သတ်ပြီးတစ်မျိုးမြင်ပေမယ့် ကျွန်တော်ကတစ်မျိုးမြင်ပါတယ် အမြင်မတူညီတဲ့အပေါ်ထပ်ပြီး အမျက်မပွားများပဲ စောင့်ကြည့်ပေးလို့မရရော့ဘူးလား။ အချိန်တန်တဲ့အခါ ကံကြမ္မာက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Hikayelerin yaşadığı yer. Şimdi keşfedin