Chapter (9)

2.3K 302 0
                                    


ကုယွမ်ကျိုး၏အခြေအနေတိုးတက်လာသောကြောင့်အခန်းတွင်းရှိပစ္စည်းကိရိယာများကိုလည်းဖယ်ရှားခဲ့ပြီးမုရှင်းယုသည်ကုယွမ်ကျိုး၏အခြေအနေကိုညတိုင်ပုံမှန်စစ်ဆေးရန်မလိုတော့ပေ။

ကုယွမ်ကျိုးနေပြန်ကောင်းလာပြီးနောက်သူကအိပ်ရာထဲမှာဘဲလဲလျောင်နေတယ်။မုရှင်းယုကမွန်းလွဲပိုင်နေအလင်းရောင်ကိုမြင်တော့သူကကုယွမ်ကျိုးအားအဝတ်စားလဲပေးပြီးသူ့ကိုဝှီချဲလ်ပေါ်တင်ကာဥယျာဉ်ဆီသို့ခေါ်ဆောင်လာခဲ့တယ်။

ကုယွမ်ကျိုးအားလေစိမ်းတွေတိုက်မည်ကိုမုရှင်းယုကစိုးရိမ်တာကြောင့်သူကအန်တီချူး၏ကြီးမားတဲ့အနားကွပ်ဦးထုပ်ကိုကုယွမ်ကျိုးဝတ်ဆင်ဖို့အတွက်ဌားခဲ့တယ်။

အန်တီချူးသည်ယခုအချိန်တွင်ကုယွမ်ကျိုး၏အသွင်အပြင်ကိုကြည့်ပြီးမရီဘဲမနေနိုင်ဘူး။ မုရှင်းယုသည်လည်းထူးဆန်မှုကိုတွေ့ပြီး " ကျတော်သူအအေးမိမှာကိုစိတ်ပူလို့ " ဟုရှင်းပြလိုက်တယ်။

ဥယျာဉ်ထဲကိုရောက်သောအခါမုရှင်းယုကဝှီချဲလ်ကိုနေသာတဲ့နေရာကိုတွန်းပြီးကုယွမ်ကျိုးကိုစကားပြောလိုက်တယ်။

" တရုတ်နှစ်သစ်ကူးရောက်တော့မယ်။တကယ်လို့ခင်ဗျားတစ်နှစ်အကြာမှာနိုးထလာနိုင်ရင်ကောင်းမယ် "

မုရှင်းယုကနောက်ဆုံးသတင်းတွေအကြောင်းကုယွမ်ကျိုးကိုပြောပြနေတယ်။နေရောင်ကအနောက်ဘက်ကိုစရွေ့လာတဲ့အခါသူကတွန်းလှည်းကိုနောက်သို့ပြန်တွန်းလိုက်တယ်။

ထိုအချိန်တွင်သူကရှောင်ဝမ်ဆီကဖုန်ခေါ်ဆိုမှုကိုလက်ခံရရှိခဲ့တယ်။
" ရှင်းယုတစ်ခုခုဖြစ်နေပြီးမင်းအဖွဲ့ကနေနှုတ်ထွက်တဲ့အကြောင်းအင်တာနက်ပေါ်မှာဖော်ထုတ်နေတယ် "

" အဲ့တာကဖော်ထုတ်ရုံသက်သက်ဘဲကို,ဘာပြဿနာရှိလို့လဲ? " မုရှင်းယုကရှောင်ဝမ်၏အရမ်းကိုစိုးရိမ်တကြီးဖြစ်နေတဲ့အသံကိုကြာတာကြောင့်သူကမေးလိုက်တယ်။

" ရှင်းယု,အဲ့အချက်ကထုတ်ဖော်တဲ့သတင်းသက်သက်မဟုတ်ဘူး၊ တကယ့်အချက်ကတစ်ယောက်ယောက်ကနောက်ကွယ်မှာမင်းကရွှေသခင်ရဲ့စွန့်ပစ်ခြင်ကိုခံလိုက်ရတယ်လို့ပြောနေတယ် "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now