Chapter (42.2) (Unicode)

1.3K 179 2
                                    


(Unicode)

ကျန်းကျိတုန်က အံ့သြသွားပြီး ပြင်ထန်စွာတွေးလိုက်တယ်။

" နောက်ထပ် အကြိမ်အနည်းငယ် ထပ်ရိုက်ပြီးရင် မင်းဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ကြည့်ရတာပေါ့! "

ထိုအချိန်တွင်၊ မုရှင်းယုသည် သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်- " ကျန်းကော ကောရဲ့ သရုပ်ဆောင်စွမ်းရည်က ထူးချွန်တယ်လို့ ကျတော်အမြဲထင်ခဲ့တာ ဒါပေမယ့် ဒီနေ့လို အမှားတွေက ကျတော့်ကို ... " မုရှင်းယုက ပြောနေရင်း ခေါင်းယမ်းလိုက်ပြီး အဓိပ္ပာယ်ပြည့်နေတဲ့ အကြည့်နဲ့ကြည့်ကာ " ဒီလိုသာ ဆက်ဖြစ်နေရင် ကျန်းကောရဲ့ပရော်ဖက်ရှင်နယ် စွမ်းရည်ကို ကျတော် တကယ် သံသယဖြစ်မိတော့မယ် "

" မုရှင်းယု! ငါ့ရဲ့ ပရော်ဖက်ရှင်နယ်လုပ်နိုင်စွမ်းရည်ကို မင်းဝေဖန်ချင်နေတာလာ! " ကျန်းကျိတုန်းက မကျေမနပ်နဲ့ ပြောတယ်။

" ကျွန်တော်က အရည်အချင်းမပြည့်မီပေမယ့် ကျန်းကောက မဖြစ်သင့်တဲ့အရာတွေကို ဆက်လုပ်နေရင် ကျွန်တော်တင်မကဘူး၊ အဖွဲ့သားအားလုံးက ကျန်းကောရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်လာမှာ ကျွန်တော် ကြောက်မိတယ် " ပြောပြီးနောက် သူကထွက်ခွာသွားသည်။

ကျန်းကျိတုန်က မျက်မှောင်ကြုတ်ပြီး ဒီအချိန်မှာ ဒါရိုက်တာကျန်းက သူ့ကို ထပ်ပြီး စကားပြောဖို့ ခေါ်တယ်။

" ဒီနေ့ ဘာကိစ္စရှိလို့လဲ? "

" ဒါရိုက်တာကျန်း၊ ကျတော်မနေ့က တိုက်ပွဲဇာတ်ကွက်ရိုက်နေရတော့၊ ​​ဒီနေ့ နေလို့သိပ့်မကောင်းလို့ပါ "

" မင်းဆရာဝန်ပြချင်လား "

" မလိုပါဘူး " ကျန်းကျိတုန်က ခေါင်းခါပြပြီး " စိတ်မပူပါနဲ့ ဒါရိုက်တာကျန်း ကျတော်အမှားတွေကနေ သင်ခန်းစာယူပါ့မယ် နောက်တစ်ခါ ထပ်မမှားတော့ပါဘူး "

ကျန်းကျိတုန်သည် လှည့်ကွက်များကို ထပ်မကစားဝံ့တော့ဘဲ နောက်ဆုံးတွင် ဇာတ်ကွက်တစ်ခုကို ရိုက်ကူးပြီးစီးသွားခဲ့သည်။

သို့သော် မုရှင်းယုအတွက် ထောင်ချောက်တစ်ခုကို သူစွန့်လွှတ်လိုက်သည်ဟု မဆိုလိုပေ။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now