Chapter (35)

1.7K 235 16
                                    

(Unocode)

ရိုက်ကူးရေး ပထမနေ့၌ အဖွဲ့တွင် အစီအစဉ်များစွာ မရှိပေ။ နေ့လည်စာစားရန် အားလုံးစုဝေးကြပြီး နေ့လည်ပိုင်းတွင် အဓိကသရုပ်ဆောင်များအတွက် မိတ်ကပ်လိမ်းကာ ဓာတ်ပုံများ ရိုက်ကြသည်။

ထိုအချိန်တွင် လန်ယင်းနှင့် သက်တော်စောင့်တို့သည် ဝန်ထမ်းများ ကြိုတင်စာရင်းသွင်းထားသည့် ဟိုတယ်သို့သွားခဲ့ကြသည်။

ဝန်ထမ်းများမုရှင်းယုအတွက် ပြင်ဆင်ထားပေးသည့် အခန်းကို လန်ယင်းက တစ်ချက်ကြည့်လိုက်တယ်။ အခြေအနေက အဆင်ပြေတယ်။ တစ်ချိန်တည်းမှာပင် လန်ယင်းက မုရှင်းယုသည် အဖွဲ့သားများနှင့် ပိုမိုကောင်းမွန်စွာ ရင်နှီးနိုင်ရန်အတွက် သူမက အခန်းကိုမပြောင်ခဲ့ပေ။

မုရှင်းယုသည် ဓာတ်ပုံရိုက်ပြီးနောက် ပြန်လာသောအခါ လန်ယင်သည် သူမ၏ ခရီးဆောင်အိတ်ကို ထုပ်ပိုးထားပြီးဖြစ်သည်။

" အခန်းကိုကြည့်လိုက်အုံး တစ်ခုခုအဆင်မပြေတာရှိလာ " လန်ယင်းက မေးသည်။

" အဆင်ပြေပါတယ် " အခန်းကကျယ်ပြီး သီးသန့်ရေချိုးခန်း၊ အနားယူရန်နေရာနှင့် ဧည့်ခန်းနေရာလည်း ပါရှိသည်။ မုရှင်းယုသည် သူရိုက်ကူးရေးထွက်လာချိန်တွင် သူက ထွေထွေထူးထူး ဂရုမစိုက်ပေ။

" အင်း၊ မင်းတစ်ခုခုလိုအပ်ရင် ရှောင်ဝမ်းကိုဝယ်ခိုင်းပါ။ ငါအရင်သွားလိုက်မယ်။ တစ်ခုခုလိုအပ်ရင် ဖုန်းဆက်ဖို့မမေ့နဲ့နော် " လန်ယင်ကပြောသည်။

" ဟုတ်ကဲ့ " မုရှင်းယုက ခေါင်းညိတ်လိုက်ပြီး လန်ယင်ကို ပြန်လွှတ်လိုက်သည်။

ရုတ်တရက်၊ လန်ယင်က " မင်းကို တစ်ခုသတိပေးချင်တာရှိတယ်။ ကျန်းကျိတုန်းရဲ့ သရုပ်ဆောင်စွမ်းရည်ကကောင်းပေမယ့် သူက အရမ်းဂုဏ်မောက်တယ်။ သူနဲ့ပြောဆိုဆက်ဆံတဲ့အခါ မင်းသတိထားသင့်တယ် "

" ကျတော်သိပြီး " မုရှင်းယုက သိတယ်။ ကျန်းကျိတုန်း၏ ပထမဆုံးအကြည့်တွင် မာနထောင်လွှားသော ပုံးစံကို သူမြင်နိုင်သည်။ ဒါပေမယ့် ကျန်းကျိတုန်းက သရုပ်ဆောင်ကောင်းပြီး အကောင်းဆုံးမင်းသားလည်း ဖြစ်တာကြောင့် အနာဂတ်မှာ ရုပ်ရှင်ရိုက်တဲ့အခါ အာရုံစိုက်ဖို့လိုတယ်။

လန်ယင်းသည် သူမ၏ ကိုယ်ရံတော်များနှင့်အတူ ထွက်သွားခဲ့သည်။ မူလက သူမသည် မုရှင်းယုကိုကာကွယ်ရန် သက်တော်စောင့်တစ်ဦးထားရှိလိုခဲ့သည်။ သို့သော် မုရှင်းယုသည် အဖွဲ့သားများနှင့် ပတ်သက်ပြီး မည်သည့်အရာမျှ အမှားအယွင်းမရှိဟု ပြောဆိုခဲ့ပြီး သူက ကြီးကျယ်လွန်သည်ဟု အဖွဲ့သားများအား မထင်စေလိုသောကြောင့်၊ နောက်ဆုံးတော့ သက်တော်စောင့်များသည် တစ်ယောက်မကျန် ထွက်ခွာသွားရတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now