Chapter (52)

908 195 12
                                    

Chapter (52)

မနေ့ညက တုန်းလင်းလင်းသည် မုရှင်းယုကို ခေါ်သော ခေါ်ဆိုသူ ID တွင် ကုယွမ်ကျိုးဟူသောစကားလုံကိုတွေရှိခဲ့သည်။

ထို့နောက် သူမ အရမ်းကိုထိတ်လန့်သွားခဲ့တယ်။

ကုယွမ်ကျိုး၏ နာမည်ကို လူတိုင်းသိကြပြီး သူသည် အမျိုးသမီးကြယ်ပွင့်များနှင့် အမျိုးသားကြယ်ပွင့်များစွာ၏ ပစ်မှတ်ဖြစ်သည်။ ကုမိသားစု၏ အမြင့်ပေါ်ကို လူတိုင်တက်ချင်ကြသည်။

သို့သော် ကုယွမ်ကျိုးသည် အထီးကျန်စွာနေထိုင်ပြီး လူမြင်ကွင်းတွင် သူ့မျက်နှာကို တစ်ခါမျှ ထုတ်ဖော်ပြသခြင်းမရှိသောကြောင့် ထင်ရှာသောကြယ်ပွင့်များသည် သူ့ကိုချဉ်းကပ်ရန်နည်းလမ်းမရှိပေ။

ကုယွမ်ကျိုးသည် ခြေထောက်မသန်မစွမ်း ဖြစ်နေကြောင်းနှင့် ရက်စက်ကြမ်းကြုတ်သော ကိုယ်ရည်ကိုယ်သွေးရှိကြောင်း အင်တာနက်ပေါ်တွင် ကောလဟာလများပင် ရှိနေသည်။ ဒါက ကုယွမ်ကျိုးထံသို့ ချဉ်းကပ်ရန် လူများစွာ၏အတွေးကို တွန်းလှန်ခြင်းဖြစ်နိုင်ကြောင်း သေချာသည်။

(ပြောချင်တာက ကုယွမ်ကျိုးက သူ့ဆီ ချဉ်ကပ်တဲ့လူတွေကို တားဖို့ ကောလဟာလဖြန့်ထားတာပေါ့)

မုရှင်းယုနဲ့ ကုယွမ်ကျိုးတို့သည် တစ်ယောက်နှင့်တစ်ယောက် သိနေကြသည်ကို တွေးမိတော့ တုန်းလင်းလင်းသည် သူမ၏ ရှာဖွေတွေ့ရှိမှုအကြောင်းကို သူမ၏ အေးဂျင့်အား ပြောပြချင်ခဲ့တယ်။ သို့သော်လည်း ညဘက်တွင် သူမသည် ထိုအကြောင်းကို တွေးကာ နောက်ဆုံးတွင် မည်သူကိုမျှ မပြောခဲ့ပေ။

ကုယွမ်ကျိုးလိုမျိုး ကြီးမားတဲ့လူမျိုးတွေနဲ့ အဆက်အဆံလုပ်ဝံ့ရင် သူမဟာ သူမစာချုပ်အတွက် သေချာစဉ်းစားရလိမ့်မယ်။

သို့သော် သူမသည် ထိုကာလတွင်း မုရှင်းယုနဲ့ ပေါင်းသင်ဆက်ဆံချိန်မှာ မုရှင်းယုသည် ကိုယ်ကျိုးရှာဖို့ ယုတ်ညံ့တဲ့အလုပ်မျိုး လုပ်မဲ့ သူမျိုးမဟုတ်ကြောင်း သူမခံစားခဲ့ရတယ်။ ထို့ပြင် မုမိသားစုသည် ငွေကြေး ပြတ်တောက်ခြင်းလည်း မရှိသောကြောင့် မုရှင်းယုသည် သူကိုယ်သူ အမှားလုပ်ရန် လိုအပ်မည် မဟုတ်ပေ။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now