Chapter (10)

2.5K 322 5
                                    


မုရှင်းယုသည်သူ့နောက်ကွယ်ကလူတွေဟာအခုထိမပျောက်ကွယ်သွားသေးဘူးဆိုတာသူသိတယ်။ထို့ကြောင့်သူ့အဖေကိုဖုန်းခေါ်ဖို့စီစဥ်နေတဲ့အချိန်မှာဘဲသူအမေကသူ့ဆီကိုဖုန်းခေါ်ဆိုလာခဲ့တယ်။

" ရှင်းယု,တစ်ယောက်ယောက်ကအင်တာနက်ပေါ်မှာသားကိုတိုက်ခိုက်နေတာကိုအမေတွေ့တယ်,စိတ်မပူနဲ့,အမေ သားအဖေကိုရှင်းခိုင်းလိုက်မယ်,သားကိုထိခိုက်နစ်နာစေတဲ့စကားပြောထားတဲ့ Weibo အကောင့်အားလုံးကိုအမေစာအုပ်ထဲမှာချရေးထားမယ်,သူတို့ကိုအမေလွှတ်သွားခွင့်မပြုဘူး "

" မား,အွန်လိုင်းမှာဘာဖြစ်နေတာလဲဆိုတာမားသိနေနှင့်ပြီလာ? "

" ဟုတ်တယ်!အမေပြောမယ် သားအခက်အခဲတွေကြုံတွေ့နေတာကိုအမေနဲ့သားအဖေဆီကိုဘာလို့ဖုန်မ​ခေါ်တာလဲ?နောက်ပြီးတော့,ကုရဲ့မိသားစုကဘာဖြစ်နေတာလဲ?သူတို့ကလူထုအမြင်ကိုဖြေရှင်းဖို့တောင်သားကိုမကူညီဘူးလာ! " ချုပ်တည်းလျက်ပြောပြီးနောက်မုရဲ့အမေကအရမ်းဒေါသထွက်နေတယ်။

" မား,ဖိုးဖိုးကကျတော့်ကိုကူညီချင်တယ်ဒါပေမယ့်ကျတော်ငြင်းလိုက်တယ် "

" ဒီကလေးကတော့တကယ်ပဲ...အခုအင်တာနက်ပေါ်မှာကီးဘုတ်သမားတွေပြောနေတာကြည့်ပါဦ!အဲ့ဒီအမှိုက်တွေကသားအဖေကိုသားရဲ့ရွှေသခင်(စပွန်ဆာ)လို့ပြောတယ်!တကယ်လို့မင်အဖေသာအပြင်မှာထွက်ရဲရင်!ငါဘယ်တော့မှသူနဲ့ပြီးပြတ်မှာမဟုတ်တော့ဘူး! "

အမေနဲ့သာဖုန်းပြောပြီးနောက်သိပ်မကြာခင်မှာဘဲကျီနန်းအိမ်ခြံမြေအကျိုးဆောင်ရဲ့တရားဝင် Weibo ကမက်ဆေ့စ်တစ်ခုတင်လိုက်တယ်။

" ငါမင်းကိုတရားဝင်မိတ်ဆက်ပေးချင်တယ်။ဓာတ်ပုံတွေကတော့မစ္စတာမု,မစ္စမုနဲ့သခင်ငယ်လေးမုတို့ပါ။မုမိသားစုအကြောင်းကိုစိတ်ပူပေးတဲ့အတွက်ကျေးဇူးပါ။မိသားစုပုံ :jpg "

ထို Weibo ပိုစ့်ကမုရှင်းယုရဲ့အထောက်အထားတွေကိုချက်ချင်းသက်သေပြခဲ့တယ်။ဒါပေမယ့်မုရှင်းယုကထို Weibo ပိုစ့်ရဲ့ပုံစံသည်ပုံမှန်နှင့်အလွန်ခြားနားသည်နေတယ်လို့ခံစားရတယ်။

ခဏအကြာမှာသူ့အမေကဖုန်းခေါ်ဆိုလာခဲ့တယ်။ " ကျီနန်းရဲ့တရားဝင်ဘလောဂ့်မှာတင်ထားတဲ့ Weibo ပိုစ့်ကိုသားတွေ့လာ?အဲ့တာကိုအမေကိုယ်တိုင်တည်းဖြတ်ထားတာပြီးတော့ဓာတ်ပုံကိုလည်အမေသေသေချာချာကိုရွေးထားတာ "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now