Chapter (45.2)

1.7K 208 6
                                    

(Unicode)

တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် လန်ယင်သည် ရှောင်ဝမ်၊ ရှောင်ယနှင့် အခြားသူများကို စောင့်ဆိုင်းရန် ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး မုရှင်းယုသည် Brown နှင့်အတူ ရှိုးပွဲထဲသို့ ဝင်သွားခဲ့သည်။

Brownက သူ့ဘယ်ဘက်တွင်ထိုင်ပြီး စတိဗ်က သူ့ညာဖက်မှာထိုင်နေသည်။ ဒါက ဂုဏ်အရှိဆုံးရာထူးလို့ ပြောလို့ရပြီး သူ့နေရာက အရမ်းထူးခြားကြောင်း သူသိလိုက်ရတယ်။ အခြား ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူနှစ်ဦးသည် တံဆိပ်များအလိုက် ဘရောင်းနှင့် စတိဗ်တို့၏ နှစ်ဖက်စလုံးတွင် အသီးသီး ထိုင်နေကြသည်။

မုရှင်းယုက သူ့ထိုင်ခုံကို သိပ်မထူးခြားချင်၍ ဒီအချိန်မှာ စတိဗ်မရောက်သေးတာကြောင့် Brown ကိုတောင်ဆိုလိုက်တယ်။

" ကျတော် ခင်ဗျားဘေးမှာထိုင်လို့ရမလာ? မစ္စတာField နဲ့ စကားပြောချင်လို့ပါ "

ထုံးစံအတိုင်း Brown သည် သံသယမရှိသောကြောင့် လက်ခံလိုက်ပြီး မုရှင်းယုသည် စတိဗ်၏ ထိုင်ခုံတွင်ထိုင်လိုက်သည်။

မုရှင်းယုဖော်ပြခဲ့သည့် မစ္စတာ Field သည် အော်စကာဆုနှစ်ခုရရှိခဲ့သော ဟောလိဝုဒ်စူပါစတား Garcia Field ဖြစ်သည်။

မုရှင်းယုသည် ဤစူပါစတားကို အမြဲလေးစားခဲ့ပြီး နောက်ဆုံးတွင် ယနေ့ သူတွေ့ဆုံခဲ့ရပြီးဖြစ်သည်။ သူက လက်ကိုဆန့်ကာ အင်္ဂလိပ်လို " ဟယ်လို! မစ္စတာ Field တွေ့ရတာဝမ်းသာပါတယ် "

" ဟယ်လို " Field က လက်ဆွဲနှုတ်ဆက်ပြီး " မင်းက ပြောရေး ဆိုခွင့်ရှိသူဘဲ! မင်းပြောရေးဆိုခွင့်ရှိသူဖြစ်တယ်ဆိုတာ ငါသိတာကြာပြီ၊ ဒါပေမယ့် မင်းနဲ့တွေ့ခွင့်မကြုံဖူးဘူး။ ဒီနေ့ အရမ်းကံကောင်းတယ် "

" ကံကောင်းလိုက်တာ! မစ္စတာရဲ့သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ကျတော်အရမ်းကြိုက်တယ်၊ အထူးသဖြင့် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကထွက်ခဲ့တဲ့ ဇာတ်ကားတွေ..." မုရှင်းယု၏ အင်္ဂလိပ်စကားသည် အလွန်ကျွမ်းကျင်သည်။ သူသည် Field နှင့် ကောင်းမွန်သော စကားစမြည်ပြောဆိုမှုသည် ဖက်ရှင်ရှိုးပွဲမစမချင်း မရပ်တန့်ခဲ့ပေ။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz