Chapter (39)

1.4K 206 0
                                    

Unicode

****

Chapter:39

******

ကျန်ကျိတုန်နှင့် မုရှင်းယုတို့၏ပြိုင်ဆိုင်မှုကို ရိုက်ကူးပြီးနောက် ကျိုးရုရွှမ်သည် မုရှင်းယုဆီကို အလျင်အမြန်လာကာ " ရှင်းယု ငါတို့ ဟိုကိုတစ်ချက်သွားရအောင်ယ ငါ နင့်ကိုပြောစရာရှိလို့ " ကျိုးရုရွှမ်က ဧည့်ခန်းဆီသို့ ညွှန်ပြလိုက်သည်။

" ဒီမှာဘဲ စကားပြောရအောင် " မုရှင်းယုသည် ကျိုးရုရွှမ်းနှင့်တစ်ယောက်တည်း မနေချင်ပေ။

ကျိုးရုရွှမ်းသည် မုရှင်းယု၏ စိုးရိမ်မှုများကို ချက်ခြင်းနားလည်သဘောပေါက်သွားသည်။

သူမသည် သူမပတ်ဝန်းကျင်ရှိလူများကိုကြည့်ကာတိုးလျှသောအသံဖြင့်ပြောတယ် " ရှင်းယု တောင်းပန်ပါတယ်၊ ငါ နင့်ကိုအသုံးမချသင့်ဘူး "

" အစ်မ ကျတော့်ကို အတင်အဖျင်တွက်အသုံးချတာကိုဝန်ခံနေတာလား ? " သူမ ရှက်ရွံနေတာကိုတွေ့လိုက်ကြည့်လိုက်ပြီးနောက် မုရှင်းယုက အေးစက်စွာပြောတယ် " နောက်တစ်ကြိမ်ရှိလာမှာ မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ် "

" စိတ်မပူပါနဲ့ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး " ကျိုးရုရွှမ်းက အလျင်စလိုပြောလိုက်ပါတယ်။

မုရှင်းယုသည် ဇာတ်ညွှန်းဖတ်ရန် ထောင့်သို့သွားတော့ ရှောင်ဝမ်းသည် ကျိုးရုရွှမ်၏ Weibo ကို ချက်ချင်းပြသခဲ့သည်။

[ ရှင်းယုနဲ့ငါက ဇာတ်ညွှန်းဆွေးနွေးနေတာပါ၊ ကျေးဇူးပြုပြီး ငါတို့ကို အထင်မမှားပါနဲ့ ]

ကျိုးရုရွှမ်း၏ ရှင်းလင်းချက်သည် လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ အချို့က သူမအား တမင်နာမည်ကြီးအောင်လုပ်တယ်လို့ကြိမ်းမောင်းခဲ့ပြီး အချို့က သူမအား နားလည်မှုလွဲသွားသည့်အတွက် စိတ်မကောင်းဖြစ်ကြသည်။

ဘာပဲဖြစ်ဖြစ် ကျိုးရုရွှမ်က လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး မုရှင်းယုဟာ နောက်ဆုံး စိတ်အေးချမ်းသာစွာနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Kde žijí příběhy. Začni objevovat