Chapter (49)

752 165 7
                                    


(Unicode)

ကုယွမ်ကျိုးသည် လူများကိုစီစဉ်ထားပြီးဖြစ်၍ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားလုံး လျင်မြန်စွာပြီးမြောက်ခဲ့သည်။

လက်ထပ်မှတ်ပုံတင်နှင့်အတူ သူထွက်လာသောအခါ မုရှင်းယုသည် အလွန်တရာ အစစ်အမှန်မဟုတ်သလို ခံစားခဲ့ရသည်။

ငယ်ငယ်တုန်းကလည်း သူ့ဘဝရဲ့ တစ်ဝက်လောက်ကို တောင့်တခဲ့ပေမယ့် ယောက်ျားတစ်ယောက်ကို ချစ်မိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

ကုယွမ်ကျိုးကို ချစ်မိသွားခြင်းသည် မတော်တဆမှုတစ်ခုဖြစ်ခဲ့လျှင် ခုလိုလျှင်မြန်တဲ့ လက်ထပ်ခြင်းသည် မတော်တဆမှုထက်ကို ပို၍ပင် မတော်တဆမှုတစ်ခုဖြစ်သည်။

သူ့မသိနားမလည်မှုနဲ့ ယှဉ်ရင် ကုယွမ်ကျိုးက အရမ်းစိတ်လှုပ်ရှားနေတယ်။ ကားပေါ်ပြန်ရောက်တော့ သူသည် မုရှင်းယုကို ပွေ့ဖက်ပြီး " ရှင်းယု ကိုယ်တို့က တရားဝင်လက်တွဲဖော် ဖြစ်သွားပြီ " လို့ ပြောလိုက်တယ်။

" အင်း၊ အဲဒါကို အခုထိအစစ်အမှန်လို့ မထင်သေးဘူး " မုရှင်းယုက ပြောသည်။

ကုယွမ်ကျိုးက ပြုံးပြီး မုရှင်းယု၏ နှုတ်ခမ်းများကို ချက်ချင်းနမ်းလိုက်သည်။ သူက အချိန်အနည်းငယ် အထိ ပြင်းထန်စွာ နမ်းလိုက်တာကြောင့် မုရှင်းယု သည်းမခံနိုင်တော့ပေ။ သူ အသက်ရှူမဝတော့မှ ကုယွမ်ကျိုးက သူ့ကို လွှတ်လိုက်ပြီး " အခုရော အစစ်အမှန်လို့ ခံစားရပြီလား? "

" အွန်း! " မုရှင်းယုသည် ရှေ့မှ ယာဥ်မောင်းနှင့် ချန်ဖန်တို့ကို ကြည့်ကာ ကုယွမ်ကျိုးကို မကျေနပ်သည့်အကြည့်တစ်ခု ပေးလိုက်သည်။

ကုယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြုံးလိုက်တယ်။ " စိတ်မပူပါနဲ့၊ သူတို့မမြင်ဘူး "

ရှေ့တွင်ထိုင်နေသော ယာဥ်မောင်းနှင့်ချန်းဖန် - ငါတို့ မမြင်ရပေမယ့်ကြားရပါတယ်နော်!
(🤣)

မုရှင်းယုက ဒေါသတကြီး ထိုင်နေပြီး ကုယွမ်ကျိုးနဲ့ ခပ်ဝေးဝေးမှာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူထိုင်နေတဲ့ အချိန်မှာတော့ ကုယွမ်ကျိုးက သူ့ဆီ တဖန်တိုးလာပြီး နောက်ဆုံးတော့ သူတို့နှစ်ယောက် နီးနီးကပ်ကပ် ရှိနေဆဲပါပဲ။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now