Chapter (24)

2.1K 252 2
                                    


မုရှင်းယုသည် ညစာစားနေသော်လည်း အချိန်အတော်ကြာအောင် စိတ်ကိုမငြိမ်သက်နိုင်ပေ။

သူ့အမေက ကုယွင်ကျိုနဲ့သူ့ ဆက်ဆံရေးကို အရင်ကပြောခဲ့ဖူးတယ်။ အဲဒီတုန်းက သူအရမ်းစိတ်ရှုပ်နေတာကြောင့် အဲဒါကို ဆင်ခြေအနေနဲ့ ရှောင်ခဲ့တယ်။ မမျှော်လင့်ဘဲ, ကုယွင်ကျိုးသည် စေ့စပ်လက်စွပ်ကို လျှင်မြန်စွာနဲ့ တိုက်ရိုက်ထုတ်လိုက်သောကြောင့် သူလွတ်မြောက်ရန် အခွင့်အရေးမရှိတော့ပေ။

" သူ, ကုယွင်ကျိုးကို ကြိုက်လား? " သူ, တစ်ဖက်ခြမ်းမှ သပ်ရပ်စွာစားသောက်နေတဲ့ အမျိုးသားကို ကြည့်လိုက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ လူတစ်ယောက်ကို ဘယ်သူက မကြိုက်ဘဲနေနိုင်မှာလဲ? ဒါပေမယ့် အစပိုင်မှာ သူ ကုယွင်ကျိုးကို ကြောက်တယ်။ နောက်ပိုင်းမှာကြတော့ အပြစ်ရှိတဲ့ စိတ်ကြောင့်,အခုကကော?။ သူတို့နှစ်ယောက် ဆက်ဆံပုံက ပြောင်းလဲလာတာကြောင့် ခဏတာ အဖြေကို သူအမှန်တကယ် မပေးနိုင်ခဲ့ဘူး။

ညစာစားပြီးသောအခါ, မုရှင်းယုနှင့် ကုယွင်ကျိုတို့သည် အိမ်ပြန်ခဲ့ကြသည်။ ပိတ်ထားသော ကားထဲတွင်, သူတို့ဟာ စကားမပြောဖြစ်ကြဘူး။ ကားရှေ့ခန်းရှိ သက်တော်စောင့်နှင့် ဒါရိုင်ဘာတောင် အရမ်းစိတ်ဓာတ်ကျသွားသည်။

ကုယွမ်ကျိုူက ယခုအချိန်တွင် သူသည် မုရှင်းယုကို အဖြေပေးရန် အတင်းအကြပ် မလုပ်သင့်ကြောင်း သိတယ်။ ဒါကြောင့် နောက်ထပ်ကိစ္စများကို မပြောဖြစ်တော့ဘူး။

ဒါပေမယ့် ပိုင်းခြားသိမြင်တဲ့မျက်လုံးရှိသူတိုင်းက သူသည် မုရှင်းယုကို အရင်ကထက် ပိုကောင်းစွာဆက်ဆံနေကြောင်း ကောင်းစွာမြင်နိုင်တယ်။

မစ္စတာကုသည် သူငယ်ချင်းဟောင်းများနှင့်တွေ့ဆုံရန် ရှန်ဟိုင်းသို့သွား၍ လူငယ်နှစ်ဦးအတွက် အချိန်ပိုပေးရတာကြောင့် အလွန်စိတ်ကျေနပ်နေသည်။

​နေ့စဥ်, ကုယွင်ကျိုး ကုမ္ပဏီသို့သွားပြီးနောက်, အန်တီချူးသည်အဝတ်အစားများယူရန် အခန်းသို့သွားခဲ့တယ်။ ပြီးနောက် သူမသည် မနေနိုင်ဘဲ မုရှင်းယုကို ပြောလိုက်တယ်။ " မုရှောင်, မစ္စတာကုက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကနေစပြီး အရမ်း ပြောင်းလဲသွားတယ် "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now