Chapter (45.1)

1.6K 209 12
                                    


(Unicode)

မုရှင်းယုသည် လေယာဉ်ပေါ်တွင် အိပ်ခဲ့သော်လည်း လေယာဉ်လှုပ်ရှားမှုကြောင့် ကောင်းစွာအိပ်စက်နိုင်ခြင်းမရှိသဖြင့် ဟော်တယ်ခန်းထဲတွင် ခဏလောက် ပြန်အိပ်ခဲ့သည်။

လန်ဒန်စံတော်ချိန် နေ့လည်နှစ်နာရီမှာ ရှောင်ဝမ်က သူ့ကိုနှိုးခဲ့ပြီး မိတ်ကပ်ပညာရှင်လျို့မင်က သူ့အတွက် ရိုးရှင်းတဲ့မိတ်ကပ်ကို ပြင်ဆင်​ပေးခဲ့တယ်။ ထို့နောက် သူသည် တရားဝင်ဝတ်စုံကို ပြောင်းလဲကာ နေ့ခင်းပိုင်းတွင် အလုပ်စရန် W&W အမှတ်တံဆိပ်ရုံးချုပ်သို့ လန်ယင်၊ အခြားသူများနှင့်အတူ ထွက်လာခဲ့သည်။

သူသည် လမ်းတစ်လျှောက်တွင် တိုက်ရိုက်ထုတ်လွှင့်နေပြီး ဖက်ရှင်အဖွဲ့ဥက္ကဋ္ဌနှင့် ဖက်ရှင်ဒါရိုက်တာက မုရှင်းယုကို ကြိုဆိုရန် လာနေသည်ကို ပရိသတ်များက မြင်သောအခါတွင် အားလုံးက အော်သံများ ထွက်လာကြသည်။

မုရှင်းယုနောက်ကို ကင်မရာမန်းကလိုက်နေတာကိုတွေ့တော့ ဘရောင်းက အရမ်းအံ့သြသွားပြီး.....

" မင်းဘာလုပ်နေတာလဲ? "

" ဒါက တိုက်ရိုက်ထုတ်လွှင့်မှုပါ။ မစ္စတာ ဘရောင်း ဒီအရာက ခင်ဗျားတို့အပေါ် သက်ရောက်မှုရှိလား? " သူက ဖက်ရှင်အဖွဲ့ရဲ့ဥက္ကဋ္ဌမို့လို့ မုရှင်းယုက ဘရောင်း၏ ထင်မြင်ချက်ကို မေးလိုက်တယ်။

" အခုတော့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ကြော်ငြာရိုက်တဲ့အခါတော့ တိုက်ရိုက်ထုတ်လွှင့်လို့ မရဘူး " လို့ ဘရောင်းက ဆိုတယ်။

မုရှင်းယုသည် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဘရောင်း၊ စတိဗ်တို့နှင့်အတူ ရိုက်ကွင်းသို့ လိုက်သွားခဲ့သည်။

ကြော်ငြာမစခင်မှာ လန်ယင်က ရှောင်ယကို လက်ဟန်ခြေပြတယ်။ ရှောင်ယက " ဥက္ကဋ္ဌဘရောင်း မစ္စတာစတိဗ် ရှင့် တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မ မေးစရာတစ်ချို့ရှိလို့ အင်တာဗျူးချင်လို့ပါ အဆင်ပြေမလာမသိဘူး? "

" မေးပါ... "

" ဒီလိုပါ မစ္စတာရဲ့ကုမ္ပဏီက မစ္စတာမုကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ရွေးချယ်လိုက်တာက လူတော်တော်များများကို အံ့အားသင့်စေခဲ့တယ်၊ ​​ဒါကြောင့် ကျွန်မနှစ်ယောက်လုံးကိုမေးမြန်းချင်ပါတယ်၊ မစ္စတာတို့ ပြောရေးဆိုခွင့်ရှိသူအဖြစ် မစ္စတာမုကို ဘာလို့ရွေးချယ်ခဲ့တာလဲ? "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now