Chapter (60)

424 99 0
                                    


Chapter:60

ကုယွမ်ကျိုးသည် လော့ခ်အုပ်စုကို မကိုင်တွယ်မီတွင် ဂျိမ်းမိသားစုသည် ဒေဝါလီခံသွားခဲ့သော်လည်း ဂျိမ်းမိသားစု၏ အဖွဲ့ဝင်အားလုံးကို ကိုင်တွယ်ခြင်းမရှိခဲ့ပေ။

အန်ဒရီသာ မုရှင်းယုကို ပြန်ပေးဆွဲခြင်းမပြုဘဲ နောက်ဆုံးတွင် သူစိုက်ထားသောဗုံးဖြင့် သေဆုံးသွားခဲ့ခြင်း မရှိခဲ့ရင် အသေအပျောက်လည်း ရှိလာမည်မဟုတ်ပေ။

ကုယွမ်ကျိုးဟာ အင်တာနက်မှာ သူ့ရဲ့ မသန်စွမ်းတဲ့ခြေထောက်တွေအကြောင်း မှတ်ချက်တွေ ပေါ်လာတဲ့အခါ သူ့ကိုပစ်မှတ်ထားတဲ့လူတွေက သူ့အကြောင်းကောင်းကောင်း သိရမယ်လို့ သူ့စိတ်ထဲမှာ ကြိုတင်သတိပေးချက်တစ်ခု ရှိခဲ့တယ်။

ကမ္ဘာတစ်ဝှမ်းလုံးက သူ့ကိုသိကြသော်လည်း လူအနည်းငယ်မျှသာ ထူးထူးခြားခြား ကုမ္ပဏီအုပ်စုတစ်စုကို စုစည်းနိုင်စွမ်းရှိသည်။ ရိုင်ယန်ရဲ့စကားကို နားထောင်ပြီးနောက် သူ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့တယ်။ အမှန်ကိုပင် အန်ဒရီရဲ့ အဖေက နောက်ကွယ်မှာ ရှိနေခဲ့တယ်။

များမကြာမီတွင် နည်းပညာဌာနသည် ကမ္ဘာတစ်ဝှမ်းရှိ အဓိကစတော့ရှယ်ယာဈေးကွက်များကို ခြေရာခံခဲ့ပြီး ဂျိမ်းမိသားစုအပါအဝင် နည်းပညာကုမ္ပဏီကြီးငါးခုထက်မနည်း ပါဝင်ခဲ့ကြောင်း နောက်ဆုံးတွင် အတည်ပြုခဲ့သည်။

ကုအုပ်စုသည် နည်းပညာကို အမှီပြုပြီး စတင်ခဲ့သည်။ သူတို့ ထုတ်လုပ်လိုက်သော အီလက်ထရွန်နစ် ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ကမ္ဘာပေါ်ရှိ အခြားနည်းပညာကုမ္ပဏီများသည် ကုအုပ်စုကို ယှဉ်ပြိုင်နိုင်စွမ်မရှိပေ။ ဒီလိုမျိုး ကြီးစိုးမှုမျိုးဟာ တူညီသော လုပ်ငန်းတစ်ခုတည်းရှိ လူတွေကို မနာလိုဖြစ်စေခဲ့တာ ကြာပါပြီး။

ထို့ကြောင့် လူအိုကြီးအန်ဒရီ၏ လှုံ့ဆော်မှုအောက်တွင် အချို့သောကုမ္ပဏီများသည် ကုအုပ်စုကို ကိုင်တွယ်ရန် လက်တွဲလာခဲ့ကြသည်။

မုရှင်းယုနဲ့ ကုယွမ်ကျိုးတို့ အကြားဆက်ဆံရေးကို ထုတ်ဖော်ပြသခြင်းအစမှ နောက်ဆုံး ကုယွမ်ကျိုးအား သူ့ကိုယ်သူ တိုက်ခိုက်ခြင်းအထိ အားလုံးကို လူအိုကြီးအန်ဒရီမှ စီစဉ်ပေးခဲ့သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now