Chapter (23) (Unicode)

2.4K 272 11
                                    


အချိန်တွေကုန်တာမြန်ပြီး, မျက်စိတစ်မှိတ်အတွင်းမှာပဲ မုရှင်းယုမွေးနေ့ကို ရောက်လာတော့မယ်။

မားမားမုက သူဆီဖုန်းခေါ်လာတယ် " သားလေး, မနက်ဖြန် မားနဲ့ စျေးဝယ်ထွက်မယ် "

" မား, ဒါက မားရဲ့ သူငယ်ချင်းတွေကို သွားဖို့မေးသင့်တာ " မုရှင်းယုက ခေါင်းကိုက်ခြင်းနှင့်အတူ ပြောလိုက်တယ်။ ယောက်ျားတစ်ယောက်အနေနဲ့ ဈေးဝယ်ထွက်ခြင်းရဲ့ ပျော်ရွှင်မှုကို သူလုံးဝ နားမလည်နိုင်ဘူး။ အခုလည်း သူမွေးနေ့က နောက်တစ်ကြိမ်ထပ်ရောက်လာပြီး သဘာဝအတိုင်း သူ့အမေရဲ့ ရည်ရွယ်ချက်က ... ။

" မား, သားနဲ့ကိစ္စရှိတယ်။ မား မနက်ဖြန်မှ လာခဲ့မယ်! " မားမားမုကအလေးနက်ထားပြောပြီး ပြန်လည်ချေပခွင့်မပေးဘဲ ဖုန်းချလိုက်သည်။

မုရှင်းယုသည် အားကိုးရာမဲ့ဖြစ်နေပြီး သူဖုန်းပြန်ခေါ် ခါနီးတွင် ဖုန်းကထပ်မြည်လာပြန်သည်။ ဒီတစ်ကြိမ်ကတော့ ရှောင်ဝမ်းဆီမှဖြစ်သည်။

" ရှင်းယု ပရိတ်သတ်တွေက မင်းကို လက်ဆောင်တွေ အများကြီးပေးကြတယ်။ ဒါပေမယ့် အခု ငါတို့မှာ ရုံးနေရာမရှိဘူး။ အဲ့ဒီ လက်ဆောင်တွေအကုန်လုံးက အမြန်ဘူတာရုံမှာ။ သူတို့ကို တိုက်ရိုက်ပေးပို့စေချင်လား? "

" အများကြီးဘဲလာ? "

" တော်တော်များများက, **နိုင်ငံအနှံ့ကပို့လာပြီး တချို့က ပြည်ပကပို့လာကြတာ " ( **နိုင်ငံအနှံ့ = တရုတ်မှာရှိတဲ့ မြို့နယ်ပေါင်းများစွာက ပို့လာတာကိုပြောတာ )

ပရိသတ်တွေက လက်ဆောင်တွေ ပို့တဲ့အခါ fan club ကို သတင်းပို့ရတယ်။ ရှောင်ဝမ်းက လက်ဆောင်စရင်းကိုကြိုရခဲ့ပြီး သူအဲ့တာတွေကို တွေ့တော့ အံ့သြသွားတယ်။

" ဒီလိုလုပ်ရအောင်, မင်း ငါ့အိမ်ကို လက်ဆောင်တွေ လာပို့ပေးလိုက် " မုရှင်းယုက WeChat ကိုသုံးပြီး ရှောင်ဝမ်းဆီ တည်နေရာကို ပို့ပေးလိုက်တယ်။

ရှောင်ဝမ်းက တည်နေရာကို ဖွင့်ကြည့်လိုက်တော့ Bailu Bay မဟုတ်လို့ အံ့သြမိပေမယ့် ချမ်းသာတဲ့သူတွေမှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်လို့ တွေးမိတဲ့အတွက် အလေးအနက်မထားခဲ့ဘူး။ သူ ပစ္စည်းပို့ဆောင်သမားကို ဌားလိုက်ပြီး အမြန်ဘူတာသို့ သွားပြီး လက်ဆောင်ပစ္စည်းများအားလုံးကို ကားပေါ်တင်လိုက်တယ်။ ထို့နောက် တည်နေရာအရ ဗဟိုဥယျာဉ်သို့ လာခဲ့သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now