Chapter (41.1)

1.4K 202 3
                                    

နေ့ခင်းဘက်တွင်ကုယွမ်ကျိုးသည် အစည်းအဝေးတစ်ခုရှိတာကြောင့် မုရှင်းယုသည် သူ၏ စတူဒီယိုသို့ သွားခဲ့သည်။

လန်ယင်က သူ့ကိုမြင်တော့ ပြုံးပြီးပြောတယ် " မင်းစိတ်ထဲမှာ မစ္စတာကုပဲရှိတယ်လို့ငါထင်နေတာမင်းမှာစတူဒီယိုရှိသေးတယ်ဆိုတာ မင်းမေ့သွားပြီလားလို့ "

" အစ်မလန် ဒီမှာရှိတယ်လေ အစ်မလန်က ပြဿနာအားလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ကျတော်ယုံတယ် "

လန်ယင်က မနေနိုင်ဘဲ ရယ်လိုက်တယ် " မတွေ့ရတာ ရက်ပိုင်းဘဲရှိသေးတယ်မင်းကစကားပြော ပိုကောင်းလာတာဘဲ "

တကယ်တော့၊မုရှင်းယုမလာရင်တောင် ဒါရိုက်တာစုန်းက မုရှင်းယုကို သူ့ရဲ့ဇာတ်ကားသစ်မှာ ဧည့်သည်အဖြစ်ဖိတ်ကြားထားတာကြောင့် လန်ယင်က မုရှင်းယုကို ဖုန်းဆက်မှာ ဖြစ်တယ်။

"ဒါက ကျိုးရုရွှမ် ပါဝင်နိုင်မယ်ဆိုတဲ့ ရုပ်ရှင်လား?" လန်ယင်၏စကားကိုကြားပြီးနောက် မုရှင်းယု မှန်းဆခဲ့သည်။

ယခင်က ကျိုးရုရွှမ်သည် ၎င်းအား အရှုပ်တော်ပုံတွင်တမင်တကာပါဝင်စေခဲ့သောကြောင့်ကုယွမ်ကျိုးသည် သူမ၏ ထောက်ခံချက်နှင့် ရုပ်ရှင်ဖိတ်ကြားမှုများကိုဖယ်ရှားရန် နည်းလမ်းများကို အသုံးပြုခဲ့ပြီးယင်းဇာတ်ကားသည် ဒါရိုက်တာစုန်း ရိုက်ကူးမည့် ရုပ်ရှင်ဖြစ်သည်။

ဒါရိုက်တာစုန်သည် စီးပွားဖြစ် အက်ရှင်ဇာတ်ကားများ၏ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်ပြီ ပြည်တွင်း Box Office စံချိန်သစ်ကို ဆက်လက်ရရှိထားသူဖြစ်သည်။

သူ၏ဇာတ်ကားများသည်အနည်းငယ် ကြမ်းတပ်းသော်လည်း
မည်သည့်ရုတ်ရှင်ဆုမျှမရရှိခဲ့သောကျိုးရုရွှမ်အတွက်၊ဒါရိုက်တာစုန်၏ဇာတ်ကားတွင်ပါဝင်ခြင်းသည် BoxOfficeကို သိမ်းပိုက်ရန်သေချာပေါက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ ကံမကောင်းစွာဖြင့်ဒီအခွင့်အရေးကို သူမဆုံးရှုံးလိုက်ရတဲ့အတွက် နှမြောစရာဘဲ။

လန်ယင်က ခေါင်းညိတ်တယ်။
" ဟုတ်တယ် ဒါပဲ။ အခု ဒါရိုက်တာစုန်က နောက်ထပ် အမျိုးသမီးဇာတ်လိုက်အဖြစ် တခြားမင်းသမီးရွေးချယ်ပြီး ဇာတ်ဆောင်တစ်ခုအတွက် ဖိတ်ခေါ်လိုက်တယ် "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now