Chapter (61)

441 91 0
                                    


Chapter:61

" The Journey " ကိုထုတ်လွှင့်ပြီးသွားပေမယ့် ဆွေနွေမှုများက ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

ရိုက်ကူးရေး အဖွဲ့သားများသည် **International Garden Hotel တွင် ဂုဏ်ပြုပွဲ ကျင်းပသည့်အခါ ပရိသတ်များ အလွန်စိတ်လှုပ်ရှားနေကြသည်။

တီဗီဒရာမာ၏ တရားဝင်ဘလော့ဂ်ကလည်း ထိုနေ့တွင် ထူးခြားသော ဧည့်သည်တော်များ ဂုဏ်ပြုပါတီသို့ တက်ရောက်မည်ဖြစ်ကြောင်း Weibo တွင်ရေးသားထားသည်။

ပရိသတ်အားလုံးက ဘယ်သူဖြစ်မလဲ ဆိုတာကို ခန့်မှန်းနေကြတယ်။

အချို့က နာမည်ကြီးဒါရိုက်တာတွေဟု ထင်ကြပြီး အချို့က ၎င်းသည် နိုင်ငံတကာကြယ်ပွင့်ဟု ထင်ကြသည်။ အချို့ကမူ ၎င်းမှာ ကုယွမ်ကျိုးဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

သို့သော် ကုယွမ်ကျိုးဖြစ်နိုင်သည်ဟု မှန်းဆသောကြသော ပရိသတ်များသည် အခြားပရိသတ်များ၏ ရယ်မောခြင်းကိုခံခဲ့ရသည်။

[ ဥက္ကဋ္ဌကုက အရမ်းအလုပ်များတယ်။ ​​အခမ်းအနားပွဲကို ဘယ်လိုတက်နိုင်မှာလဲ? ]

[ မစ္စတာကုက သူရဲ့မျက်နှာကို လူသိရှင်ကြား တစ်ခါမျှ ပြဖူးတာတောင်မဟုတ်ဘူး! သူ ပါတီပွဲကို တက်ရောက်မှာမဟုတ်ဘူး! ]

[ မစ္စတာကုကို ဆွဲမထည့်နဲ့ သူက ဖျော်ဖြေရေးနယ်ပယ်ထဲက မဟုတ်ပါဘူး! ]

[ အဖွဲ့သားတွေက ဘယ်သူလဲဆိုတာ တိုက်ရိုက်ပြောလိုက်တာ မကောင်းဘူးလား? ခန်မှန်နေတဲ့ထဲမှာ မစ္စတာကုကို လက်လွတ်စပယ် သုံမနေကြနဲ့ မှောက်သွားတာကို သတိထား! ]

...

ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ကုယွမ်ကျိုးဟာ အနည်းငယ် စိတ်ဓာတ်ကျသွားတယ်။ မုရှင်းယုနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ထုတ်ဖော်ခဲ့ပေမယ့် သူ့မှာ အဓိပ္ပါယ်မရှိသေးဘူး။

ဒါပေမယ့် သူကို အမှန်တကယ် စိတ်သက်သာရာရစေတဲ့ သူနဲ့ မုရှင်းယုရဲ့ CP ပရိသတ်တွေကိုလည်း သူတွေ့ခဲ့တယ်။ သူကတော့ ပရိသတ်တွေရဲ့ခြေရာကိုလိုက်ခဲ့ပြီး အသစ်တည်ထောင်ထားတဲ့ ကုမု CP ကိုတွေ့ခဲ့တယ်။ ရက်အနည်းငယ်အတွင်း ဤ CP သည် ပရိသတ် တစ်သိန်းကျော်ရှိပြီး CP ၏ ထိပ်တန်းဆယ်တွဲထဲသို့ပင် ဝင်ရောက်ကာ လူကြိုက်များမှုမှာလည်း အလွန်မြင့်မားသည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now