[၂]၊Unicode

9.9K 828 82
                                    


" အဟီးဟိ ယားလိုက်တာ .. ခြေထောက်ကို နှိပ်နေတာ ယားအောင်မနှိပ်နဲ့လေ ၊ သေချာ နှိပ်ပေးစမ်းပါ၊ Foot spa မှာ အလုပ်လာလုပ်ပြီး ဒါလေးတောင် ပြန်သင်ရဦးမှာလား "

ညိုမြလွင်ဟာ မျက်လုံးကို မှိတ်လျက် ခြေထောက်အား အသေအချာထိတွေ့ပေးနေသော အထိအတွေ့လေးကြောင့် သက်တောင့်သက်သာ ဇိမ်ယူကာ တပြုံးပြုံးနှင့် စိတ်ကျေနပ်နေတော့သည် ။

" သခင်လေး .. ပုဆိုးကို အပေါ်နည်းနည်း ထပ်လှန်လို့ရမလား ပေါင်တံတွေကိုပါ နှိပ်နယ်ပေးရဦးမလား "

မြလွန်းညိုဟာ မရင်းနှီးတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဩရှရှအသံကြောင့် မျက်လုံးကို ရုတ်တရတ် ဖွင့်လိုက်မိ၏ ။

" အာ့ .. ကျစ် !! "

မျက်လုံးဖွင့်ဖွင့်ချင်း ပတ်၀န်းကျင်ကို မြင်ရဖို့နေနေသာသာ အဖြူရောင်အလင်းတန်းတွေက စူးရှစွာ မျက်လုံးအတွင်း၀င်လာ၍ ပြန်မှိတ်လိုက်ရ၏။ အခုမှ ညိုမြလွင် အမှတ်ရတော့သည်။ သူက Foot spa ရောက်နေတာမှ မဟုတ်ဘဲ ။ သူက ထရပ်ကားနဲ့အတိုက်ခံလိုက်ရတာလေ။ ဟို အောက်တန်းစားလေးပြောတဲ့အတိုင်း ထရပ်ကားနဲ့အတိုက်ခံရပြီး ဘ၀ကူးသွားတာ မဟုတ်ဘူးလား ။

ညိုမြလွင်ဟာ ထိုကလေကချေဖုန်းသရဲအကြောင်းတွေးမိတာနှင့် ဒေါသကြီးသူပီပီ ဒေါသစိတ်တွေ ငယ်ထိပ်ရောက်သွားရပြီး တောက်ခေါက်ကာ မချိတင်ကဲ ရေရွတ်လိုက်မိ၏။

" တောက် !! အောက်တန်းစားကောင် "

" မင်းပုံ မှားပါတယ် ၊ သခင်လေးရဲ့ ပေါင်တံကို ကိုင်တွယ်ခွင့်တောင်းမိတဲ့အတွက်
သေသင့်ပါတယ် ၊သခင်လေး ခွင့်မလွှတ်ပါနဲ့"

ညိုမြလွင်ဟာ မျက်လုံးကို ဖွင့်မရသေးသော်ငြား ဒုတ်ကနဲမြည်သွားတဲ့ ကြမ်းပြင်နှင့် အခြားအရာတစ်ထု ခပ်ပြင်းပြင်း ဆောင့်သံကြောင့် ထိုအမျိုးသားဟာ ဒူးထောက်လိုက်ကြောင်း မှန်းစမိ၏။

မျက်လုံးကို ခပ်ဖြည်းဖြည်းသာ ဖွင့်ကြည့်လိုက်တော့ မြင်ကွင်းမှာ အဆင်ပြေသွားသည်။ ပထမဦးစွာ သူ့အနေနဲ့ ဒူးထောက်နေတဲ့ အမျိုးသားကို အကဲခတ်ကြည့်မိသည်။ ထိုအမျိုးသား၏ ပခုံးထက်တွင် ဆေးမင်ကြောင်ကဲ့သို့ အင်းကွက်များ အများအပြားရေးဆွဲထားပြီး အပေါ်ပိုင်းဗလာဖြင့် အောက်ပိုင်းတွင် နက်ပြာရောင် တိုင်းရင်းသားဘောင်းဘီ
ခပ်ပွပွကို ၀တ်ဆင်ထား၏။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now