" အခြေအနေတွေဆိုတာ အမျိုးမျိုး ပြောင်းလဲနေတာလေ မင်းပုံရယ် "
ကျေးညိုဟာ သူပြောစကားတွေကို အဖက်လုံး၀ မလုပ်ဘဲ အိပ်ဆောင် တစ်ခုလုံးကိုသာ သိမ်းကျုံး သန့်ရှင်းရေး လုပ်နေသည့် မင်းပုံအား တရစပ် စကားဆိုနေမိသည်။
မင်းပုံကတော့ သူ့ကို စိတ်ဆိုးနေတာ သိသာစွာ စကားလုံး၀ကို ပြန်မပြော။ တိတ်ဆိတ်မှုဖြင့်သာ စိတ်ကောက်နေကြောင်း ဆန္ဒပြသည်။
သူကတော့ အမှားလုပ်ထားသူ ပီပီ စကားကို မပြတ်တမ်းပြောက ဆင်ခြေဆင်လက်ဆင်နားရွက်များအပေးနေမိ၏။
" စိတ်ခံစားချက်ဆိုတာလည်း ပြောင်းလဲနိုင်တာပဲ မဟုတ်လား ၊ ငါ့စိတ်ကိုက အဲဒီလူနဲ့ ပတ်သတ်ရင် မတည်ငြိမ်နိုင်တာ ဘယ်လို လုပ်ရမလဲ မင်းလည်း အချစ်အကြောင်း သိမှာပဲကို စိတ်ကောက်မနေပါနဲ့တော့ "
မင်းပုံက ဒီတစ်ခါတော့ သူ့ဘက်အား လှည့်လာပြီး သက်ပြင်းကို ဖြေးညင်းစွာ ချလိုက်ကာ ,
" ကျုပ် စိတ်မကောက်ဘူး သခင်လေး
စိတ်ပူသွားတာ ၊ ကျုပ်မှာတော့ ကျုပ်ကြောင့်လွဲချော်သွားမှာစိုးလို့ ညတောင် မအိပ်ဘူး ၊ မြင်းလှည်းကြီး ပြင်ဆင်ပြီး လမ်းဆုံးထိပ်မှာ စောင့်နေခဲ့တာ ၊ မိုးလင်းတော့ သခင်လေး ရောက်မလာလို့ သခင်လေးကို ဖမ်းများချုပ်ထားကြလား အတွေးနဲ့ ကယ်ဆယ်ဖို့ လာခဲ့ပြီး မြင့်မြတ်တဲ့အဆောင်နားက ကင်းစောင့်တွေကိုတောင် မမေးမမြန်းဘဲ နပမ်း၀င်လုံးခဲ့မိတာလေ ၊ ပြီးကာမှ သခင်လေးက သခင်ကြီးလက်မောင်းကြီး တွဲပြီး ဟီးဟီးဟီးဟီးနဲ့ ထွက်ချလာတာ ကျုပ်တစ်ယောက်ထဲကပဲ ပုန်ကန်သူကြီးကျလို့ ! "မင်းပုံက ၎င်းကဲ့သို့ စကားရှည်ကြီးဖြင့် သူ့အား အမှန်တရားလက်ကိုင်ပြုကာ နှိပ်ကွပ်လေတော့ သူ့မှာ မျက်နှာလေးဇီးရွက်လောက်နှင့် ပြောစရာစကားပျောက်ရှသွားရသည်။
တကယ်လည်း သူ့ဘက်က လွန်တာပင်။
ဘယ်တတ်နိုင်မလဲ .. ကံဇာတာကိုက လင်တရူးရမဲ့ ကံပါလာတာပဲနေမှာ ။အရေးပိုင်ဘက်က ဘာမှတောင် မချော့ရသေး၊
သူ့ဘက်က ဖော့ဖယောင်းလို ပျော့ချင်နေပြီ။
YOU ARE READING
အရေးအပိုင်မင်းအား အပိုင်ကြံခြင်း
General Fictionအရေးပိုင်မင်းကြီးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားရတဲ့ အညတရကောင်လေးတစ်ယောက်အဖြစ် သူဟာ ၁၉ရာစုနှစ်တွေဆီ ၀ိညာဥ်ကူးပြောင်းလာခဲ့ရတယ် ... မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ကြောင့်သာ အရေးပိုင်မင်းကြီးကို စွဲဆောင်နေရတယ်လို့ သူခံယူထားပေမဲ့ တစ်ဖြည်းဖ...