[၁၉]|Zawgyi

1K 28 2
                                    





ကျေးညို၏ စိတ်တွေဟာ ယနေ့ ပုံမှန်ရက်တွေနဲ့ မတူ။ အမှန်တော့ စိတ်တွေပဲ မဟုတ် ။ သူ့ရဲ့ခန္ဓာကိုယ်ကပါ နေထိုင်မကောင်းဖြစ်နေခဲ့တာ မဟုတ်လား ။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားက အလကားမှ မဟုတ်ပါဘဲလေ ။

ဉီးကြောင့် သူ့နှလုံးသားဟာ ကြေမွတာထက် ပိုတဲ့ နာကျင်မှုတွေ ဖြစ်ခဲ့တာ ။ ဉီး အပေါ်မှာ သူတကယ်ပဲ ဒီလို စိတ်တွေ မဖြစ်မိရင် ကောင်းသား ။ အခုတော့ အရာရာ အချိန်လွန်သွားခဲ့ခါမှ နောင်တ ဆိုတဲ့အရာကို သူ ရနေပြီ ။ သူနဲ့ ဉီးက အချိန်တန်ရင်ရော အချိန်မတန်ခင်ရော ဝေးကို ဝေးရမဲ့ သူတွေသာ ။

" ဉီး .. ကျွန်တော့်ကို ခေါ်တယ် ဆိုလို့ပါ "

အခန်းထဲကို ရောက်တော့ ဉီးက အဆောက်အဉီးး ပုံစံငယ်လေးတွေနှင့် အလုပ်ရှုပ်နေသည်။ သူက အခန်းဝမှ နေ၍ အသံပေးလေတော့ ဉီးက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး သူ့အလုပ်ကို သူပြန်အာရုံစိုက်သွားသည်။

သဘောက ' ဝင်လာ ' ဟု ဆိုလိုခြင်း ။

သူလည်း အခန်းထဲ ၀င်လိုက်ပြီး ကြိမ်ရက်ထိုင်ခုံပေါ် ငြိမ်ငြိမ်လေး ထိုင်ရင်း ဉီး အလုပ်ပြီးသည်အထိ စောင့်နေလိုက်သည်။ နာရီပိုင်းလောက် ကြာလေတော့ ဉီးက သူ့အား တစ်ချက် စိုက်ကြည့်လာပြီး ခပ်တွေတွေ သက်ပြင်း တစ်ခုကို ချလိုက်ကာ ,

" ငါတို့ လက်ထပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို သိတယ်မလား "

ဉီးစီမှ ပြတ်ပြတ်သားသားထွက်ပေါ်လာသော မေးခွန်းကို ပြန်ဖြေဖို့ သူ အားမရှိ ။ ခေါင်းကိုသာ
ငြိမ့်လိုက်ရပြီး တိတ်ဆိတ်ခြင်းဖြင့်သာ အဖြေပြန်လိုက်သည်။

" အဲဒီကိစ္စ အမြန်အကောင်အထည်ဖော်ချင်တယ်
ပြီးရင် မင်းအတွက် နေရာတစ်ခု စီစဉ်ပေးမယ်၊
နေချင်တဲ့နေရာ ရွေးထားလိုက် ၊ အဲမှာနေပြီး ငါ့ရင်သွေးကို မွေးပေးပါ "

ဉီးစီက သူကြားလိုက်ရတဲ့ စကားတွေကြောင့် သူ့နားသူပင်မယုံနိုင်အောင် ဖြစ်မိသည်။ ဉီးက ဘယ်လို စကားတွေ ပြောလာတာလဲ ။ တကယ် ဒီရက်ပိုင်း ဉီးနဲ့သူ့ကြားမှာ ဘာခံစားချက်မှ မဖြစ်ခဲ့ဘူးလား ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းDonde viven las historias. Descúbrelo ahora