[၁၇]|Unicode

3.1K 243 18
                                    



မဲနက်ကာ ရေနံချေး ခပ်ထူထူ သုတ်ထားသော နှစ်ဆောင်ပြိုင် အိမ်ကြီးအတွင်းရှိ
ကြိမ်ကျစ်ထိုင်ခုံတွင် ခြေချိတ်ထိုင်နေသော အမျိုးသားအား ကျန်သူများက ဒူးထောက်အရိုအသေပေးနေကြသည် ။

ထိုလူကတော့ အခြားလူမဟုတ် ။ မျိုးရိုးစဥ်ဆက် မြေအောက်လောကတွင် နာမည်ရှိခဲ့ပြီး အခုထက်ထိလည်း နာမည်ကျန်နေဆဲ ဆူးကြိုးအဖွဲ့၏ လက်ရှိမျိုးဆက် ဆက်ခံသူ ပုဏ္ဏကပင် ဖြစ်သည် ။

ထိုသူက ကြိမ်ကျစ်ခုံပေါ်၌ မိန့်မိန့်ကြီး ထိုင်လျက် အခန်းနံရံတွင် ချိတ်ထားသော ပန်းချီကားချပ်အား အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေသည် ။

ထိုပန်းချီကားထဲတွင် ပုဏ္ဏကနှင့် ၎င်းနား ခပ်ကျို့ကျို့ ရပ်နေသော ကောင်လေးတစ်ယောက်။ ထိုကောင်လေး၏ ခေါင်း၌လည်း အဖြူရောင် ဇာပုဝါကို အုပ်ထားသေးသည်။ ထို့ကြောင့် မျက်နှာကိုတော့ ရှင်းလင်းစွာ မမြင်ရ။

သို့သော်ငြား .. ရပ်နေသည့် ကိုယ်ဟန်အမူအရာကို ကြည့်ရုံနှင့်ပင် ထိုကောင်လေးမှာ ပုဏ္ဏနားနေရသည်ကို ဘယ်လောက် အနေကျဥ်းကြပ်နေမှန်း သိသာစေ၏။

ပုဏ္ဏကကတော့ ထိုကောင်လေး၏ လက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ပုံကိုကြည့်တာနဲ့ သိသာနေသည်က အလွန်တရာ ကွာခြားသည့် ခန္ဓာကိုယ်အရွယ်အစားပင် ။

" ငါ သူ့ကို ဘယ်အချိန်ထိ သူများအနား ထားရဦးမှာလဲ ! အဲ့အတွေးတွေက ညဘက်တွေမှာ ငါ့ကို သတ်နေသလိုပဲ "

ပုဏ္ဏက၏ မချိတင်ကဲပြောလိုက်တဲ့ စကားသံဟာ တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးထဲမှာ ကြောက်ဖို့ ကောင်းစွာပင် ဟိန်း၍ထွက်ပေါ်လာသည် ။

ကျန်တဲ့သူတွေဟာလည်း အပြစ်သားများသဖွယ် ပုဏ္ဏ၏ အဖြေမလိုသောမေးခွန်းကို ခေါင်းငုံ့၍သာ နားထောင်နေရ၏။

တကယ်တော့ သူတို့ခေါင်းဆောင်ဟာ
သူ့အတ္တသူ အချစ်ဆုံးဖြစ်နေတာ ဘေးကသူတို့တောင် သိနေရတာမဟုတ်လား ။

တကယ်သာ သခင်လေးကို ချစ်ခင်စုံမက်ရင် စီးပွားရေးရာမှာ နယ်ရုပ်တစ်ခုလို ချကျွေးထားရက်မှာ မဟုတ်ဘူး ။ နောက်ပြီး အဲ့ဒီလို ကောက်ကျစ် ယုတ်မာတတ်ပြီး ရက်စက်တဲ့ အရေးပိုင်လိုလူအနား ထားနိုင်ပုံကိုကြည့်ပြီး ခေါင်းဆောင်ချစ်တာဟာ သူ့ကိုယ်သူပဲဆိုတာ သိသာနေပြီလေ !

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now