[၁၂]|Unicode

3.9K 373 23
                                    

* ဘုန်း * !

ကျွန်းစားပွဲကို အားပြင်းပြင်း ထုရိုက်လိုက်
သည့် အသံသည် အလုံပိတ် ဟောခန်းတိုက်ထဲတွင် ဘုန်းကနဲ မြည်ဟိန်းသွားသည်မှာ အခန်းထဲတွင်းရှိ လူအားလုံး ကျောကို ကျုံ့လိုက်မိသည်အထိ။

" သောက်သုံး တစ်စက်မှ မကျဘူး ! တောက် "

နေအခရာ၏ ဒေါသကြီး တောက်ခေါက်သံကြောင့် စားပွဲတွင် အသီးအသီးထိုင်နေသော လူများအနက် တစ်ချို့က အလိုအလျောက် ခေါင်းငုံ့သွားကြသည်။

" အဲ့ဒါ သောက်ဆံတွေနဲ့ ရင်းပြီးရထားတဲ့ ပိုင်နက်ကွ ! မင်းအမေလင်က အလကားပေးခဲ့တာ မဟုတ်ဘူး အဲ့နေရာမှာ သောက်လုပ်ကို ကောင်းကောင်းလုပ်ပြီး သောက်ဆံရှာဖို့ ငါ့သောက်ဆံတွေ အရင်ရင်းထားရတာ "

* ခွမ်း ..*

နံရံဆီကို ပစ်ပေါက်လိုက်သော ဖန်ခွက်သည် ဖန်ကွဲစ များအဖြစ် တမုဟုချင်း ပြောင်းလဲသွားပြီး အစိပ်စိပ်အမွှာမွှာဖြစ်သွား၏။

နေအခရာဟာ အရာရာတိုင်းလိုလိုမှာ ထိန်းချုပ်မှု အားကောင်းပေမဲ့ သူ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတဲ့အခါမျိုးမှာတော့ ကြောက်စရာအကောင်းဆုံးပုံစံကို ပြောင်းသွားစမြဲ။

လူကြီးလူကောင်း အရေးပိုင်ဆိုသည့် သူ့ပုံစံကို ဒီအခန်းထဲမှာတော့ တွေ့နိုင်မည်မဟုတ်။

အခုလည်း အထက်ကို ပိုက်ဆံတွေ ပစ်ပေး၊ထိုးပေးပြီး ရထားသည့် ကျွန်းဝိုင်းကို တစ်ဖက်ဂိုဏ်းက ဝင်စီးသည်တဲ့ ။

သူ့ဘက်က လက်နက်အင်အား ၊ လူအင်အား ၊ ငွေအင်အား လိုသလောက်ထုတ်ပေးထားပြီး ဘာမှ အသုံးမကျလာတာမျိုး သူမကြိုက် !

နိုင်ငံရေးဘက် လှည့်နေရလို့ ဒီလို တစ်နေရာလေးကို လွှတ်ထားလိုက်မိသည်နှင့် ၎င်းတို့မှာ ဘ၀တွေ ပျက်နေကြသည်။

" အနောက်ကျွန်းဝိုင်းက မင်းအောက်ကလား "

နေအခရာဟာ သက်ပြင်းကို ဖြေးညင်းစွာ
ချလိုက်ပြီး စားပွဲ အစွန်ဆုံးတစ်ဖက်ထိုင်ခုံတွင် ခေါင်းငိုက်စိုက်အနေအထားနှင့် ထိုင်နေသည့် ၎င်းနှင့် သက်တူရွယ်တူ လူတစ်ယောက်အား လက်ညှိုးထိုးရင်း ​မေးသည်။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now