[၅]၊Unicode

7.3K 609 64
                                    

" စောင့်လင့်ပါဦ ...  ရုံးတော်ချုပ်ထဲ အပြင်လူ ဝင်ထွက်ခွင့် မရှိပါဘူး "

" ဘာအပြင်လဲ ကျုပ်က ဒီကလူကြီးရဲ့အမျိုးဗျ"

" အဲ့လိုလည်း မရ​ကြောင်းပါ၊ အစောင့်တွေ သူ့ကို ချုပ်ထားကြ!"

ကျေးညိုဟာ သူ့စိတ်ထဲက မေးခွန်းကို အဖြေရှာဖို့ ဟိုလူကြီးရဲ့ ရုံးတော်ဆိုတာကို ဟိုမေးဒီမေးနဲ့ လိုက်လာခဲ့ခြင်း။ သူက စိတ်မြန်လက်မြန်လေ။ စောင့်ဆိုင်းရတာတွေကို သိပ်သဘောတွေ့တာမဟုတ်ဘူး။ ဒါဆို ချက်ချင်း ဒါလိုက်ရမှ သဘောတွေ့တဲ့ကောင်မျိုး။

နဂို ခန္ဓာကိုယ်အချိုးအစားနဲ့ဆို ဒီအစောင့်တွေကို မင်းလား ငါလား အပြန်ပြန် အလှန်လှန် တစ်ပွဲတစ်လှမ်းနွှဲလိုက်ဖို့ ၀န်မလေးပေမဲ့ အခု သူ့ရဲ့ကိုယ်လေးက နုဖက်အုအက်ပြီး အစောင့်ဆိုတဲ့လူတွေရဲ့ ပုခုံးလောက်သာရှိနေလေတော့ အားအတန် မာန်လျှော့ရချေပြီပေါ့။

ကျေးညိုက အထာသိပ်နပ်တယ်၊ ချက်ဆို နားကွက်က မီးတောက်တတ်ပြီး လည်လည်၀ယ်၀ယ်ရှိတယ်။

" လွှတ် .. လွှတ်ပေးပါ အစ်ကိုကြီးတို့ရယ်
ကျွန်တော့်လက်ကောက်၀တ် နုနုလေး ကြိမ်းပြီး နာနေပြီ .. "

ရုတ်တရတ်ကြီး ပြောင်းလဲသွားတဲ့ လေသံနဲ့ အပြောတွေကြောင့် အစောင့်တွေမှာ ဒီဖြူဖြူလုံးလုံး ကျူးကျော်သူလေးကို မထိရက်မကိုင်ရက်ပင် ဖြစ်ချင်သွားရတော့၏။

" နားလည်မှုလွဲသွားတာထင်ပါရဲ့ အစ်ကိုကြီးတို့ရဲ့ ကျွန်တော်ကလေ ဒီက အရာရှိကြီးရဲ့ အမျိုးတော်ပါ .. ကျွန်တော့်ဦးလေးကို တွေ့ချင်လွန်းလို့ ဒီအထိ ပေါက်ချလာရတာ .. အစ်ကိုကြီးတို့က ၀င်ခွင့်မပေးရင် ကျွန်တော် လာရကျိုးဘယ်နပ်တော့မှာလဲ .. ပင်ပန်းတတ်လို့ရယ် "

မျက်ရည်လေးများ ဝေ့သီကာ သနားချင်စဖွယ် ဖြူလုံးလေးရဲ့ စကားတွေကြား အစောင့်တွေလည်း ဂရုဏာသက်ကုန်ကြတော့သည်။
အရည်ပျော်မယ်ဆိုလည်း ပျော်ချင်စရာ .. ရုပ်ရည်လေးကိုက မိန်းကလေးဆန်ဆန်လှပလွန်းပြီး "ပင်ပန်းတတ်လို့ရယ်"ဆိုသည့်စကားမှာလည်း အပိုဆိုခြင်းမဟုတ်တန်ရာ။ သေးသွယ်ကာ ကျော့မော့သော ခန္ဓာကိုယ်အချိုးအစားလေးက သက်ပေပင်။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now