[၂၂]|Unicode

3.5K 258 11
                                    






"  အဆင်ပြေရဲ့လား ကလေးလေး "

မူးနောက်နေတဲ့ အာရုံ​နဲ့အတူ လူကလည်း အားအင်တို့ ချိနဲ့ နေသည် ။ အခြေအနေတွေကို ပြန်စဥ်းစားနိုင်ဖို့ နေနေသာသာ မျက်လုံးကိုပင် ကြိုးစားဖွင့်နေရသည့် အခြေအနေမို့ သူ့အတွက် ခဲယဥ်းလှသည် ။

ဦးရဲ့ တည်ငြိမ်စွာ မေးလာတဲ့ နွေးနွေးထွေးထွေး အသံကြောင့်သာ မျက်လုံးတို့ကို အားယူဖွင့်ရင်း ကိုက်ခဲနေသည့် တစ်ကိုယ်လုံးအားလည်း ကျွတ်တသတ်သတ်ဖြင့် လုပ်နေရသည်။

" ကျွန်တော် .. ကျွန်တော် ဘာဖြစ်သွားတာလဲဟင် "

" သမားတော်ကပြောတယ် ကိုယ့်ကလေးလေးရဲ့ ဗိုက်ထဲက ကလေးလေးကြောင့် ဒီကကိုယ့်ကလေးလေး မူးလဲ သွားတာတဲ့ "

" မဖြစ် .. မဖြစ်နိုင်တာ ကျွန်တော်တို့ လုပ်ခဲ့ကြတာ မနေ့တစ်နေ့ကမှလေ ! "

ရုတ်တရတ် ထိတ်လန့်သွားပြီး ကုတင်ဘေးနားရှိ ပြက္ခတိန်ကို ကြည့်မိတော့ သူရောက်နေတာဟာ မနေ့တစ်နေ့ကရဲ့ အတော်ကြာပြီဖြစ်တဲ့ အချိန်ကာလ တစ်ခု ။

ကျစ် ! ထူးခြားဆန်းကြယ်မှုတွေက မကုန်တော့ဘူးလား .. အခု သူက ဦးရဲ့ ရင်သွေးကို လွယ်ထားရတာတဲ့လား ။

မနေ့က ဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ တကယ်တော့ မနေ့ကမဟုတ်ဘဲ ပစ္စုပ္ပန်ကာလရဲ့ လအနည်းငယ်ကြာတဲ့ အတိတ်ဖြစ်နေတော့သည်။

" ဦး .. မနေ့က ကျွန်တော် ဘယ်မှာ အိပ်တာလဲ ၊ အခု ကျွန်တော်ဦးရဲ့ အိပ်ယာပေါ် ရောက်နေတာမလားဟင် "

" မင်းကို ကိုယ့်အနား အမြဲ ခေါ်ထားတာ ကြာပြီလေ ကလေးလေး .. နေလို့မကောင်းဘူးလားဟင် "

ဦး ပြောတဲ့စကားတွေဟာ သူမသိတဲ့ ဘာသာစကားအသစ်အဆန်းတစ်ခုလို နားလည်ရခက်နေသည်။ ဒါပေမဲ့ နွေးထွေးပြီး ကြင်ကြင်နာနာ ယုယုယယ ပြုမူနေတဲ့ ဦးကို ကြည့်ပြီး သူသတိထားမိလိုက်တာက ဦးဟာ ကလေးလေးရပြီးနောက်မှာ သူ့ကို ပိုပြီးဂရုစိုက်လာတယ်ဆိုတာပဲ ။

အခြေအနေတွေက အဆင်ပြေနေတဲ့ပုံစံဖြစ်ပေါ်နေသော်ငြား လေးလံနေတဲ့ သူ့စိတ်တွေကို သူ သဘောမကျ ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now