[၉]|Unicode

5.2K 472 30
                                    

" ရစ်ချက် ၊ မင်း အဲ့ကောင်လေးကို ဘယ်လို မြင်လဲ "

နှိပ်သီးဘောပင်ကို တတစ်တစ်မြည် အောင်နှိပ်နေရင်းမှ အဆုံးမရှိ အစမရှိ ငိုင်တွေတွေ စကားဆိုလာသော နေအခရာ၏ စကားကြောင့် ရစ်ချက်ပါကာက ယောင်ယမ်းကာ ခပ်မြန်မြန်ပင်,

" အဲ့ကောင်လေးက အရမ်းအတင့်ရဲလွန်းတယ် စကားပြောတာကိုက အထက်စီးနဲ့ "

" ခဏ ၊ မင်းက ဘယ်သူ့ကို ပြောနေတာလဲ "

" မင်းကရော ဘယ်သူ့အကြောင်းမေးတာလဲ "

နေအခရာဟာ သူ့အမေးစကားကို အဖြေပြန်ပေးလာသော ရစ်ချက်ပါကာ၏ စကားကြောင့် အမေးနှင့်အဖြေဟာ လွဲနေကြောင်း အတပ်သိလိုက်သည်။

ဟိုကလေးဟာ အတင့်ရဲတတ်တာဟုတ်ပေမဲ့ ရစ်ချက်နဲ့ပတ်သတ်ပြီးတော့ စကားတောင် လေလုံးကွဲအောင်ပြောဖူးတာ မဟုတ်။

" ကျေးညိုကို ငါပြောနေတာ "

"အိုး!  မင်းရဲ့ ခင်ပွန်းလေးလား
ငါက မင်းတို့အိမ်တော်က မြောက်ကြွမြောက်ကြွ အစေခံကောင်လေးကို မေးတာလားလို့ "

" မင်းဘိုးအေ ! ငါ့အိမ်တော်က အစေခံတွေကို ငါက ဘယ်သိမလဲ မင်းပဲသိနေ "

သိနေရုံတင်မက သားပြောမယားပြော ပြောခံလိုက်ရကြောင်းကိုတော့ ပြောမနေတော့ ။ မြန်မာစကားအရဆိုလျှင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်သွားမည်မဟုတ်လား။

သူလို လူပေါ်လူကြောတဲ့နေရာမှာ တော်လှ တတ်လှပါပြီဆိုတဲ့ ရစ်ချက်ပါကာဆိုတဲ့သူက ဒီအစေခံကောင်လေး နဲ့ကျမှ ငြိမ်ခံလိုက်ရတယ်ဆိုတာ အဓိပ္ပာယ်မရှိ။

ရစ်ချက်ပါကာက  ပြီးခဲ့တာတွေကို ပြန်တွေးမနေတော့ဘဲ အနေရခက်စွာ ချောင်းဟန့်လိုက်ပြီးမှ,

" မင်းလင်တော်မောင်လေးအကြောင်း ငါဘယ်သိမလဲလေ၊ ငါမှ အသေအချာ မတွေ့ဆုံဖူးတာ၊ သို့ပေမဲ့ ကြည့်ရသလောက် ရိုးရှင်းလွန်းပြီး ငြိမ်ကုပ်ကုပ်လေးမလား ၊ သူ့ကိုတွေ့ဖူးတဲ့အမြင်အရတော့ အနေအေးပြီး မင်းကိုလည်း တအားမှ ရိုကျိုးပုံရတယ် "

"အဟင်း.. မင်းထင်သလောက်မရိုးရှင်းဘူး "

နေအခရာ၏ နှုတ်ခမ်းထူထူတို့က လှောင်ပြုံးလိုက်သလို ကွေးညွတ်တက်သွားပြီး ထိုစကားကို အဓိပ္ပာယ်ပါပါဆိုလာလေတော့ ရစ်ချက်ကလည်း နားမလည်နိုင်စွာဖြင့် မျက်မှောင် ကျုံ့ မိသွားပြီး,

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now