[၇]၊Unicode

8.8K 588 32
                                    

ယနေ့နံနက်ခင်းသည် သာမာန်နေ့များထက် သာလွန်၍ တိတ်ဆိတ်နေသည်။ စားဖိုဆောင်ထဲ၌ အိမ်စေများကလည်း ခြေချင်းလိမ်အောင် ရှုပ်လျက် အသေးစိတ်မှ စ၍ အမှားမခံသော အရေးပိုင်၏ အမျက်ဒေါသကို မနှိုးဆွမိစေရန် သတိချပ်နေကြရသည်။

ယနေ့သည်က ဤအိမ်တော်၌ သာမာန်များနှင့်မတူရသည့် အကြောင်းအရင်းမှာ ရုံးတော်ညီလာခံကို အရေးပိုင်၏ အိမ်တော်၌ ကျင်းပမည်ဖြစ်သောကြောင့်ပင်။

စင်စစ် ဤကဲ့သို့ လုပ်ဆောင်ရန်သာမာန်အရေးပိုင်တို့အဖို့ မဖြစ်နိုင်သော်ငြား နေအခရာဆိုသည့်လူအတွက်တော့ မရှိ၊မဖြစ်ဆိုသည့် စကားတို့ကား ဘယ်သောအခါတုန်းခါမှ မကြားဖူးခဲ့။
ပြီးပြည့်စုံမှုအလုံးစုံနှင့် မွေးဖွားခဲ့သော်လည်း သူက ပျော့ညံ့ခြင်း၊အလွယ်ကြိုက်ခြင်း တို့မဆိုထားနှင့် ရေသာခိုအချောင်စိတ်ပင်လုံး၀ မရှိ။

ဖခင်ဖြစ်သူ၏ ပြင်းထန်စွာ လေ့ကျင့်သင်ကြားမှုကြောင့် နေအခရာဆိုသည့်သူက ငယ်စဥ်ကပင် ခက်ထန်ကြမ်းကြုတ်တတ်နေပြီဖြစ်၏။

နေအခရာဟာ သူ၏အခန်းတွင်းရေချိုးဆောင်ငယ်၏ နံရံရှိ ကြေးမှုံကို သေချာအာရုံစူးစိုက်ရင်း ကြည့်နေလိုက်၏။

ထိစပ်လုနိပါး မျက်ခုံးမွှေးခပ်ထူထူများဟာ တောင်စွယ်တောင်တန်းတွေလို မှိုင်းညှို့နေပြီး မျက်စံ နီညိုညိုများဟာတော့ တစ်ဖက်သားကို အလိုအလျောက်ခြိမ်းခြောက်နိုင်စွမ်းရှိသည့် မွေးရာပါ ဘုရားသခင်ပေးသည့်လက်ဆောင်သဖွယ်ရှိလှ၏။

နီညိုညိုမျက်စံဟု ဆိုသော်ငြား ၎င်းမျက်ဆံတို့က ညိုသည်ထက် သွေးနီရောင်ဘက်သို့ သွားသည်။ အရေးပိုင်နေအခရာအား ပထမဆုံးတွေ့ဆုံဖူးသူတိုင်း ၎င်းမျက်စံတို့၏ ညှို့ကွင်းမှ ရှောင်ထွက်နိုင်ရန်ခဲယဥ်းပြီး အချိန်အတော်အတန်ကြာအောင် စူးစိုက်ကြည့်နေမိမည်မှာ အသေအချာပင်။

ထို့နောက်ထိုသူတို့ ပြောမည်စကားကလည်း အကုန်တူညီစွာနှင့် တအံ့တသြဖြစ်၍ ထူးဆန်းနေကြသည့် စကားများသာ ။

နှာတံသည်က စင်းလျက် ထိပ်တွင် ခပ်ချွန်ချွန်ဖြစ်၍နေသည်။ နှုတ်ခမ်းကမူ သာမာန်ထက်ပင် ပို၍ ပါးလျလျ ဖြစ်၍ နေပြီး ခပ်စွာစွာသဘောဆောင်သည့် မှည့်ကလည်း နှုတ်ခမ်းထက်တွင် ရှိနေသေးသည်။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now