[၁၁]|Unicode

7.4K 565 47
                                    

" သခင်လေး .. သခင်လေး "

အိပ်ဆောင်တံခါးကို ကပြာကယာဖွင့်ပြီး ၀င်လာတဲ့ မင်းချစ်လွန်းပုံကြောင့် ညိုမြလွင်ဟာ အိပ်နေရာမှပင် ကတမ်းကတမ်း ထ,လိုက်ရသည်။

မနေ့ကတစ်နေကုန်လုံး ပျောက်ခြင်းမလှပျောက်နေသည့် ဒီလူက အခုမှ ဝရုန်းသုန်းကားအခြေအနေဖြင့် သူ့ရှေ့၌ ပေါ်လာသည်။

အမှန်တိုင်းပြောရရင် မင်းချစ်လွန်းပုံဆိုသည့်လူက သူဒီခန္ဓာကိုယ်ကို ရရချင်စ ပထမဆုံးတွေ့ဆုံခဲ့ရသူမို့ တခြားလူတွေနဲ့မတူ သူ့စိတ်ထဲတွင်တော့ ဘာကြောင့်ရယ်မသိ သူ၏ဘက်တော်သားလို့ ခံစားနေရသည်။

" ဘာတွေ အရေးတကြီးဖြစ်လာတာလဲ "

" ဟို .. ကျုပ် .. ကျုပ်ပြစရာရှိလို့
သခင်လေး ကျုပ်နဲ့လိုက်ခဲ့ပါလား
ကန်စပ်စီကို "

မင်းချစ်လွန်းပုံ၏ အစီအငေါ်မတည့်သောစကားတွေကြောင့် ညိုမြလွင်က ချက်ချင်းပင်မျက်မှောင်ကြုံ့လိုက်မိသည်။

ဒီလူက ဒီခန္ဓာကိုယ်ပိုင်ရှင် ကျေးညိုဆိုတဲ့ကောင်လေးကို တစ်ဖက်သတ်ကြိတ်ချစ်နေခဲ့တယ်လို့ သူသိခဲ့ရသည်။

ဘယ်လိုပဲ ချစ်စိတ်တွေမွှန်နေပါစေဦးတော့!
ဒီကျေးညိုဆိုတဲ့ကောင်လေးက သူ့အလုပ်ရှင်ဦးနေအခရာရဲ့ တရား၀င် အိမ်ထောင်ဘက်ပဲမဟုတ်လား ။

ဟိုပြ ဒီပြလုပ်ချင်တဲ့အပြုအမူတွေဟာ ဘယ်လောက်တောင် အရိုအသေကင်းမဲ့လိုက်လေလဲ။

" ကျုပ် ဝေ့ဝိုက် လှည့်ပတ် မပြောနေတော့ဘူး သခင်လေးရာ !
ကျုပ် သခင်လေးကို ဒီအိပ်ဆောင်ကနေ ပ,ထုတ်နေတာ ၊ ကျုပ်နဲ့လိုက်ခဲ့နော် "

" ဟမ် .. "

မင်းချစ်လွန်းပုံရဲ့ စကားကြောင့် သူလည်း မျက်မှောင်ကြုံ့နေရာမှပင် ကြောင်အမ်းအမ်ဖြစ်သွားရသည်။

မင်းချစ်လွန်းပုံလည်း သူ၏ရှေ့မှ မထုံတက်သေးမျက်နှာပေးဖြင့် အူတူတူ နုံတုံတုံရုပ်ကလေးနှင့် သခင်လေးဖြစ်သူကို ကြည့်ရင်း သက်ပြင်းအရှည်ကြီးချကာ သတင်းဆိုးကို အလျင်အမြန်ဖွင့်ချရန် လုပ်ရတော့သည်။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now