[၁၆]|Unicode

3.2K 283 22
                                    

"ဟူး .. "

သက်ပြင်းရှည်ကြီး ချပြီး ငူငိုင်နေသော သခင်လေးအားကြည့်ရင်း အားမရှိသလို မလှုပ်ချင်မရှားချင်ဖြစ်နေတဲ့ သူပါ ပိုလေးလံလာတော့သည်။

မင်းချစ်လွန်းပုံဟာ ဒီလိုအချိန်မှာ သခင်ဖြစ်သူကို နှစ်သိမ့်ပြီး တရားရေအေးတိုက်ကျွေးဖို့နေနေသာသာ သူ့ကိုယ်သူတောင် တရားမရနိုင်သေး။

တကယ်ဆို သခင်လေးကမှ အခြေအနေအရ ဘယ်လိုဖြစ်ဖြစ် ခံစားချက်ရှိပြီး တွယ်ငြိမ်တာ ယုတ္တိရှိသေး။ ပြီးတော့ နှလုံးသားချင်းနီးနီး မနီးနီး လူခြင်းကတော့ တော်စပ်မှုတစ်ခုတောင် ရှိနေပြီးသား.. ။

သူ့အခြေအနေနဲ့ ဆရာကြီးလည်း ဝင်မလုပ်နိုင်သေး။ မနေ့က အသေချေချခဲ့ပြီးမှ ထိုလူသူ့အပေါ် စိတ်ကွက်သွားမလား တွေးရင်း တစ်ညလုံး အိပ်မရနိုင်ခဲ့ ။

တစ်ဖက်က အနေသားကြီး !
သူကသာ တစ်ယောက်ထဲ စိတ်ဆိုးလိုက်၊ တစ်ဖက်လူ စိတ်ကွက်သွားမှာ ပြန်ကြောက်နေလိုက်နဲ့ မစားနိုင် မအိပ်နိုင်ဖြစ်နေတော့သည်သာ။

အဲ့သည်လို မိုးလင်းပေါက် ဟိုလှိမ့်ဒီလှိမ့်လုပ်နေခဲ့ပြီး အခုချိန်ထိ မှေးတောင် မမှေးခဲ့ရ။

သခင်လေးကို မနက်စာပြင်ဆင်ပေးပြီးတာနဲ့ သူ ဟိုလူ့စီ သွားရမှာ ။ အဲ့လိုသွားရမှာကိုလည်း စိတ်လေးနေသည်သာ ။

အခုလို ကိုယ့်စိတ်ဒုက္ခကိုယ်ပြန်ပေးမိမယ်မှန်း သိရင် မနေ့ကလို စိတ်လိုက်မာန်ပါ ထ,ထွက်ခဲ့မိမည်မဟုတ် ။ သူ့ရဲ့ မာနကြီးတဲ့ ချေမိုးချင်စိတ်တွေဟာ တကယ်တော့ အသုံးမဝင်ခဲ့ပါ။

" မဖြစ်တော့ဘူး .. အိန္ဒြေတွေနဲ့ ရှက်သလို ကြောက်သလို လုပ်နေတဲ့ ဟန်ဆောင်ပန်ဆောင်အကွက်တွေက အဲ့လူလည်ဂျီမနိုင်းကို လှည့်စားလို့ ရမှာမဟုတ်ဘူး !"

အားမလိုအားမရ မျက်မှောင်ကြီး ကျုံ့ပြီးပြောလိုက်တဲ့ သခင်လေး ကြောင့် သူလည်း ဟမ်ကနဲဖြစ်သွားရသည်။

သခင်လေးဟာ တစ်ခါတစ်လေ သူနားလည်ဖို့ ခဲယဥ်းတဲ့စကားတွေ ထည့်ထည့်ပြောတတ်၏။

သူလည်း နားလည်ဖို့ မကြိုးစား ။ သခင်လေးနဲ့ သူဆိုတာ သခင်လေး ဒီအိမ်တော် စ ရောက်ကတည်းက အမြဲ တပူးပူးတတွဲတွဲနေခဲ့တာ။
သူများတွေပြောသလို သခင်လေးရဲ့စိတ်ကျန်းမာရေးအခြေအနေဟာ ပုံမှန် ဟုတ်မနေရင်တောင် သူနဲ့အတူရှိနေရရင် သခင်လေးစိတ်လက်ပေါ့ပါးမေရဖို့ပဲ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now