[၁၃]|Unicode

4.2K 308 10
                                    

ရစ်ချက်သည် သူ၏ ရှေ့တွင် လက်နှစ်ဖက်ပိုက်လျက် ကောင်ငယ်လေးလုပ်သမျှ အပြုအမူတိုင်းကို မလွတ်တမ်း စူးစိုက်ကြည့်နေသည့် နေအခရာကြောင့် အတော်ကို ပျင်းရိလာမိသည်။

ပြီးတော့ မိမိအားလည်း ဘာကြောင့်မှန်းမသိ တစ်လမ်းလုံး ဘုကလန့်စကားတို့သာ ပြောပြီး 'သာသနာဖျက်' ဟုဆိုကာ မျက်မှောင်ကြီး ကျုံ့ကျုံ့ပြသေးသည်။

ယနေ့၌ ထူးဆန်းသည်က တစ်ခုတည်းမဟုတ်။ အလုပ်ကိစ္စဆိုလျှင် သေးသေးလေးတောင် အတိမ်းစောင်းမခံတတ်သည့် နေအခရာလိုလူမျိုးက ဒီနေ့ချိန်းဆိုမှုကို သူ့အား နီးကပ်နေမှ ချက်ချင်း ဖျက်ခိုင်းပြီး မြို့ထဲတွင် လက်ယားလက်ယား လိုက်ပတ်နေသည်။

ကာဖေးဆိုင်တွေဆိုတာ တစ်ဆိုင်၀င် တစ်ဆိုင်ထွက်ပင် ။ နှစ်ယောက်ထဲ ဒိတ်ကြပါလို့ ပြောပေမဲ့ ကျေးညိုက သူ့အား အားနာနေပုံရသည်။ အိမ်တော်ကို ရောက်ပြီးကာမှဖြင့် လိုက်ခဲ့ပါဟု ပြောလာသည်။ ပြီးတော့ သူ့ရဲ့ ကိုယ်ရံတော်ဖြစ်ပုံရသည့် ဆပ်ပြာသည်လင်တော်မောင်ကိုလည်း တစ်ခါတည်း ခေါ်လာ၏။

တစ်လမ်းလုံးက ရစ်ချက်အတွက်တော့ ပန်းရောင်ဖဲပြားလေးတွေနှင့် ဒီကော်ရေးရှင်း လုပ်ထားသည့် ငရဲလိုပင်။ 

နေအခရာဆိုသည့်ကောင်ကလည်း မျက်မှောင်ကြီးကျုံ့ကြည့်လို့ကြည့်၊ ဟို ဆပ်ပြာသည်လင်တော်မောင်ကလည်း သူ့ကို ဝါးစားမတက်
စူးစိုက်ကြည့်နေသည်မှာ ကျောချမ်းစရာ !

" အားကျလို့လား "

သူ့အား မထိတထိ ပရောပရီ လာလာလုပ်သည့် ထိုကောင်လေးကို သူလစ်လျူရှုနေသည်မှာ ၄နာရီခန့်လောက်ပင်ရှိပြီဖြစ်သည်။

အခု ပျင်းလည်းပျင်းနေတော့ သူထပ်ပြီးလစ်လျူရှုမနေနိုင်တော့ !

" မင်းပါးစပ်လေးကို ပိတ်ပေးလို့
မရဘူးလားဟမ် "

သူကအဲ့လိုပြောလိုက်တော့ ထိုကောင်လေးက သူ့အား သေချာစူးစိုက်ကြည့်ကာ ,

" ကျုပ်က ရင်းနှီးချင်လို့ စကားလမ်းစ ရှာတာ"

" ငါ သိပါတယ် "

တကယ်လည်း အဲ့တာကိုတော့ သူသိပါ၏။ သို့ပေမဲ့ မဖြစ်နိုင်တဲ့ လမ်းစတွေ့ကို သူ့ဘက်က ပြန်ပြီး မီးမောင်းထိုးမပြချင်။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now