[၁၉]|Unicode

3.1K 256 7
                                    

ကျေးညို၏ စိတ်တွေဟာ ယနေ့ ပုံမှန်ရက်တွေနဲ့ မတူ။ အမှန်တော့ စိတ်တွေပဲ မဟုတ် ။ သူ့ရဲ့ခန္ဓာကိုယ်ကပါ နေထိုင်မကောင်းဖြစ်နေခဲ့တာ မဟုတ်လား ။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားက အလကားမှ မဟုတ်ပါဘဲလေ ။

ဦးကြောင့် သူ့နှလုံးသားဟာ ကြေမွတာထက် ပိုတဲ့ နာကျင်မှုတွေ ဖြစ်ခဲ့တာ ။ ဦး အပေါ်မှာ သူတကယ်ပဲ ဒီလို စိတ်တွေ မဖြစ်မိရင် ကောင်းသား ။ အခုတော့ အရာရာ အချိန်လွန်သွားခဲ့ခါမှ နောင်တ ဆိုတဲ့အရာကို သူ ရနေပြီ ။ သူနဲ့ ဦးက အချိန်တန်ရင်ရော အချိန်မတန်ခင်ရော ဝေးကို ဝေးရမဲ့ သူတွေသာ ။

" ဦး .. ကျွန်တော့်ကို ခေါ်တယ် ဆိုလို့ပါ "

အခန်းထဲကို ရောက်တော့ ဦးက အဆောက်အဦးီး ပုံစံငယ်လေးတွေနှင့် အလုပ်ရှုပ်နေသည်။ သူက အခန်းဝမှ နေ၍ အသံပေးလေတော့ ဦးက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး သူ့အလုပ်ကို သူပြန်အာရုံစိုက်သွားသည်။

သဘောက ' ဝင်လာ ' ဟု ဆိုလိုခြင်း ။

သူလည်း အခန်းထဲ ၀င်လိုက်ပြီး ကြိမ်ရက်ထိုင်ခုံပေါ် ငြိမ်ငြိမ်လေး ထိုင်ရင်း ဦး အလုပ်ပြီးသည်အထိ စောင့်နေလိုက်သည်။ နာရီပိုင်းလောက် ကြာလေတော့ ဦးက သူ့အား တစ်ချက် စိုက်ကြည့်လာပြီး ခပ်တွေတွေ သက်ပြင်း တစ်ခုကို ချလိုက်ကာ ,

" ငါတို့ လက်ထပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို သိတယ်မလား "

ဦးစီမှ ပြတ်ပြတ်သားသားထွက်ပေါ်လာသော မေးခွန်းကို ပြန်ဖြေဖို့ သူ အားမရှိ ။ ခေါင်းကိုသာ
ငြိမ့်လိုက်ရပြီး တိတ်ဆိတ်ခြင်းဖြင့်သာ အဖြေပြန်လိုက်သည်။

" အဲဒီကိစ္စ အမြန်အကောင်အထည်ဖော်ချင်တယ်
ပြီးရင် မင်းအတွက် နေရာတစ်ခု စီစဥ်ပေးမယ်၊
နေချင်တဲ့နေရာ ရွေးထားလိုက် ၊ အဲမှာနေပြီး ငါ့ရင်သွေးကို မွေးပေးပါ "

ဦးစီက သူကြားလိုက်ရတဲ့ စကားတွေကြောင့် သူ့နားသူပင်မယုံနိုင်အောင် ဖြစ်မိသည်။ ဦးက ဘယ်လို စကားတွေ ပြောလာတာလဲ ။ တကယ် ဒီရက်ပိုင်း ဦးနဲ့သူ့ကြားမှာ ဘာခံစားချက်မှ မဖြစ်ခဲ့ဘူးလား ။

ဒါမှ မဟုတ် အစစ်အမှန်ဆိုတာ သူ့စီမှာပဲ ဖြစ်ခဲ့ပြီး ဦးစီမှာကျတော့ရော ... !

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now