အပိုင်း 1

14.3K 542 28
                                    

Unicode

"ကျန့်ကျန့်..."

  "ဘယ်သူလဲ!!"

"ငါပါ"
 
  အသံဘဲကြားပြီ လူမတွေ့ရသဖြင့် ရှောင်ကျန့် ဒေါသထွက်လာရ၏။
 
  "ဘယ်ကငါလဲ...မသိဘူး"

"ခစ်..ခစ်..!!"

"ရီမနေနဲ့..."

  "ခစ်..ခစ်..နင့်ကိုလာခေါ်တာ.."

ရှောင်ကျန့် စိတ်အချဉ်ပေါက်စွာဖြင့်

  "ဘာလဲ...သေမင်းလား...အတော်ဘဲလိုက်ချင်နေတာနဲ့...လိပ်စာပြောခဲ့ လာခဲ့မယ်"

  "ခစ်..ခစ်!!"

  "ဟ...ဘယ်သူလဲလို့..တခစ်ခစ်နဲ့ရူးနေတာလား...!!"

  "ဟွန်း....သူများကို သေမင်းတဲ့...ရှင်ကအရမ်းဆိုးတာဘဲ"

"ဘောကို..ရှင်လိုက်..ထွက်လာခဲ့...!!"

"နင့်ရှေ့မှာလေ.."
 
ရှောင်ကျန့်ရှေ့ ဘွားကနဲ့ ပေါ်လာကာ ပါးစပ်ထဲမှ သွေးများထွက်နေသော သွားများဖြင့် ရှောင်ကျန်းကို သွားဖြီးပြကာ ခိုးခိုးခစ်ခစ်ရီပြနေသဖြင့်

  "အမေ့ ..အား.!!...သရဲမ"

  ထိုသို့ အော်ကာ အိမ်သို့ အာဗြဲကြီးနှင့်ပြေးကာသွားသည်။မီးဖိုချောင်ထဲတွင် ဟင်းချက်နေရင်းမှ ရှောင်မားသည် အားဗြဲကြီးနှင့်ပြေးလာသော သားဖြစ်သူကို ကြည့်ကာ

"သားရှောင်...ဘာဖြစ်လာတာလဲ...အလန့်တကြားနဲ့.."

  "သရဲ မား...သရဲမက သွားဖြဲပြလိုက်လို့"

"မဟုတ်လောက်ပါဘူးသားရယ်...သားသရဲကားအကြည့်များလို့ စိတ်ထင်တာနေမှာပါ"

  "သားကို သွားကြီးဖြဲပြပြီ ခေါ်ချင်နေတာကို မားက အဲ့သရဲလက်ထဲ ထည့်ပေးချင်လို့လား"

"မားက..အဲ့သရဲမဆိုရင်ကော သားရှောင်လိုက်မှာလား"

  ရှောင်မားရဲ့ မျက်နှာဟာချက်ချင်းကြက်သီးထစရာအငွေ့အသက်များဖြင့် ရှောင်ကျန့်ကို စိုက်ကြည့်နေ၏။သို့သော် အထာကို နက်နေသောရှောင်ကျန်းမှာ ကြောက်စိတ်များပျောက်ကာ

"မားကတော့ဗျာ...လုပ်ပြီ"

  သားအမိနှစ်ယောက်ရဲ့ ရီသံလေးဟာ အိမ်အတွင်းသို့ ရွှင်မြူးစွာထွက်ပေါ်လာ၏။
ရှောင်မားသည် ရှောင်ကျန့်လက်ထဲမှ စာအုပ်ကို ကြည့်မိတော့။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now