အပိုင်း 17

4.6K 295 0
                                    

 Unicode

ရိပေါ် ပြောတဲ့ တခဏဆိုတာဟာ အချိန်အားဖြင့် 7နှစ်ကြာလွန်သွားခဲ့၏။ရှောင်ကျန့်၏ မှတ်ဉာဏ်ထဲတွင် ရိပေါ်ဆိုတာဟာ မည်သူဆိုတာကို မေ့လျော့သည်အထိ ဖြစ်သွားခဲ့သည်။
         စာအုပ်ထဲကူးပြောင်းတာကနေ တစ်ချို့၀တ္ထုတွေထဲကလို အိမ်ပြန်ချင်တယ်ဟု ရှောင်ကျန့် မတမိပါ။အမေကို မလွမ်းလို့တော့မဟုတ် ဘာလို့လဲဆိုတော့ အမေ့ကို ဂရုစိုက်ပေးမဲ့ အဖေလည်းရှိနေသေးတာဘဲလေ။အလွန်ဆုံး အချိန်တွေရပ်တန့်ရင် ရပ်တန့် ဒါမှမဟုတ် ဟိုဘက်မှာ ရှောင်ကျန့်ကိုမာ၀င်နေမှာဘဲ။ရှောင်ကျန့်ထို့သို့လည်း တွေးမိပြန်ပါသည်။
    ဒီ7နှစ်တာအတွင်း ရှောင်ကျန့်ရဲ့ အပျင်းပြေစရာလေးဟာ မြို့၀န်မင်း လင်းယွီးဟန်ပင်ဖြစ်သည်။နေ့တိုင်း လင်းယွီးဟန်ဆီသွားကာ သွားစနောက်နေရသည်နှင့်စကားနိုင်လုရသည်မှာ ခံတွင်းတွေ့စရာလေ။
နန်းတော်ထဲတွင် ကြင်ယာတော် အဖြစ်ဘွဲ့ထူးပေးခံလိုက်ရသော လင်ယွီးဟန်၏ ဘွဲ့နှင်းသဘင်ကို ရှောင်ကျန့် အားရပါးရ ဆင်းနွဲလိုက်ရလို့ ကျေနပ်သည်။ယခုဆိုလျှင် လင်းယွီးဟန်မှာ ဖိဘုရားခေါင်နေရာသို့ ရောက်ရှိလို့သွားရသည်။လက်သည်ကတော့ ဗေဒင်သွားမေးနေစရာမလို နှစ်ယောက်မရှိသော ရှောင်ကျန့်ပင်။

"မိဖုရားကို ဂါ၀ရပြုပါတယ်"

  ရီချင်နေသော ပါးစပ်ကို အသာဖိကိုက်ကာ လေသံကို အတတ်နိုင်ဆုံး‌ ရိုကြိုးနေသော အသံဖြင့် ရွှေဝါရောင်အနားကွပ်များကို ၀တ်ဆင်ထားသော လင်းယွီးဟန်ရှေ့သွားကာ ဂါ၀ရပြုလိုက်သည်။မော့ကြည့်နေစရာမလို ဒေါသကြောင့် လောင်နေတဲ့ လင်းယွီးဟန် စောက်ခွက် ကို စိတ်ဖြင့် မှန်းကြည့်ရင်း ရှောင်ကျန့် ကြိတ်ရီမိပြန်ပါသည်။

"ရှောင်ကျန့်!!...."

တရှူးတရှူးဖြင့် နှာမှုတ်နေသော မြွေတကောင်လိုဖြစ်နေလေ၏။လက်ကို တင်းတင်းဆုတ်ထားတာကြောင့် လင်းယွီးဟန်ရဲ့ လက်ဟာ ရဲတွတ်နေတော့၏။

"မိဘုရား ..ထပြီ"

  ရှောင်ကျန့်၏ ပြောင်းလဲလွယ်သော အနေအထားကို ကြည့်ကာ လင်းယွီးဟန် ခေါင်းခြောက်ရသည်မှာ အခါခါ လူရှေ့သူရှေ့ကြ ရိုကြိုနေတာ ကွယ်ရာကြ မလေးမခန့်နဲ့။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now