အပိုင်း 13

4.9K 300 13
                                    

 Unicode

"ရိပေါ်...အဲ့လို မြန်မြန်မသွားနဲ့လေ..ဝေ့..ကြားလား..၀မ်ရိပေါ်!!"

ရှောင်ကျန့် နောက်မှ အားဗြဲကြီးဖြင့် အမှီလိုက်ရသည်။ရှက်လို့ထင်ပါရဲ့ ငနဲသားက နောက်ကို လှည့်မကြည့်ဘူးသွားနေတာ။ရိပေါ် သဘောကျနိုင်လောက်တဲ့ ကောင်မလေးကို ရှောင်ကျန့်သိချင်မိတယ်။ဟုတ်တယ်လေ ။
ဘေးကို ဝေ့ဝဲကြည့်မိတော့ နန်းတွင်း အပျိုတော်တစ်သိုက်က ရိပေါ်ကို သမင်လည်ပြန်ငမ်းနေကြတာကို တွေ့ရတယ်။ရှောင်ကျန့်က ရိပေါ်နောက် ဆက်မလိုက်တော့ဘဲ ခဏနားလိုက်သည်။

"ဒီကောင်..တကယ်ကိုငါ့ကို မစောင့်ဘူး"

  နှုတ်ခမ်းဟာ မလိုပါဘဲ စူထွက်လို့လာရ၏။ရှောင်ကျန့် ခါးထောက်ကာ နှုတ်ခမ်းကို ဆူနေတော့သည်။

‌ငတုံးလေးရဲ့ အာဗြဲသံကို မကြားရတာကြောင့် ရိပေါ်နောက်လှည့်ကြည့်မိသည်။ဘဲလေးအတိုင်းပါဘဲ  ဘဲပေါက်လေးနှင့် တူတယ် ရှောင်က ရိပေါ်နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ ထွက်ကျလာအံ့ဆဲဆဲ အပြုံးများကို ချုပ်ထိန်းလိုက်ရသည်။ ရှောင်ကျန့် ရပ်နေသည်မှာ သူမလာရင် ဘယ်မှ ရွေ့မြည့်ပုံမပေါ်သောကြောင့် ကျစ်တစ်ချက်စုတ်သတ်ကာ အမြန် ရှောင်ကျန်းနားသွားရသည်။

"ဘဲလား..နှုတ်ခမ်းစူထားတာ"

ရိပေါ် အပြောကြောင့် ရှောင်ကျန့် ကိုယ့် နှုတ်ခမ်းကို ပြန်စမ်းမိသည်။

"မဟုတ်တမ်းတရား..ရှောက်ပြောနေ..ဘယ်မှာစူနေလို့လဲ..အယ်..အဲ့ဒါ အသာထားလိုက်..မင်းကြိုက်နေတဲ့ နှလုံးသားလေးကရော "

"စကားကိုများတယ်"

"အ!..ဘာလို့ ခေါင်းတောက်လိုက်တာလဲ..
အကောင်းကို ပြောလို့မရဘူးဘဲ..ရိပေါ်က"

  "ထင်ချင်သလိုထင်"

"ထားပါ..မပြောချင်လည်းနေပေါ့..ငါကိုယ်တိုင်ဖော်ထုတ်ပြမယ်..ဟွန့်!!"

  ‌ထို့သို့ ပြောပြီး ‌ရိပေါ်ရှေ့မှ ကော့ကော့ ကော့ကော့နှင့် လမ်းလျှောက်လာခဲ့လိုက်သည်။ကျန်နေခဲ့သောရိပေါ်မှာ ရှေ့ရှိ လူသားလေး၏ ကျောပြင်ကိုသာ မြင်ကွင်းထဲပျောက်ကွယ်သွားသည်အထိ တစိမ့်စိမ့်ကြည့်နေမိသည်။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now