အပိုင်း 9

5.7K 360 13
                                    

 Unicode

"ရှောင်..."

"ဘာလဲ ...ပြောစရာရှိလို့လား"

   ရှောင်လို့ ခေါ်လိုက်တာနှင့်ဘယ်သူဆိုတာ မေးနေစရာမလိုအရင်က ငါ့ကို အရမ်းမုန်းလှပါပြီဆိုတဲ့ နှစ်ယောက်မရှိ ဇာတ်လိုက်ကျော် ၀မ်ရိပေါ်ပင်။

   "ရှင်းဆွေ့ အစားတောင်ပန်ပါတယ်"

"မလိုပါဘူး...အဓိကတရားခံက မင်းလေ...အလည်ခေါ်တာ အသာတကြည်လိုက်သွားပါ့လား"

"ဟုတ်ပါတယ်...ကိုယ့်အမှားပါ"

"ရပ် ...ရပ်....ရပ်.."

"ဘာလို့လဲ"

"ကိုယ်လို့ မသုံးနှုန်းစမ်းနဲ့...ကြက်သီးထတယ်"

  ရှောင်ကျန့် လက်မောင်နှစ်ဖက်ကို ပွတ်ကာ ကိုယ်ကို ကျုံ့ပြပြီး ဟန်လုပ်ပြတယ်။ကြည့်ရင်းနဲ့ စိတ်ထဲရီနေသောသူမှာ ရိပေါ်ပင် ။ဘယ်လိုလေးလဲလေ။

  "ဘယ်သွားမလို့လဲ...."

"ရောက်ရင် သိလိမ့်မယ်"

"ဝေ့..ဝေ့...ငါ့ကိုခဏခဏ ဒီလို မပွေ့စမ်းနဲ့ကွာ ယောက်ျား သိက္ခာကျတယ်"

   မင်းသမီးပွေ့နည်းဖြင့် ပွေ့ကာ ကိုယ်ဖော့သိုင်းဖြင့် လေဟုန်စီးပြီး လျှင်မြန်စွာ သွား၏။ ခေါင်မိုးအထပ်ထပ်နှင့် အုပ်ပြား အချပ်ချပ်ကို ကျော်ဖျတ်ပြီး ကန်ဘက်သို့ ဦးတည်သွားသည်။လိုက်ပါလာရသော ရှောင်ကျန့်မှာ ရိပေါ်လည်ပင်းကို သာ တင်းတင်းဖတ်ထားပြီး လည်းပင်ထဲ မျက်နှာဝှက်ကာ မျက်လုံးကို အတင်းစုံမှိတ်ထား၏။

"အား!!....၀မ်ရိပေါ်....ဖြေးဖြေးသွားစမ်းပါ...မင်းနောက် ဘယ်အကောင်မှ လိုက်မလာဘဲနဲ့...ကြားလား !၀မ်ရိပေါ်...ဝေ့...ကြားလား!လို့"

"အင်း..."

"ဘာကို အင်းလဲ..ဖြေးဖြေးသွားလို့!!"

   ခဏအကြာ ကန်ကျယ်ကြီး ၏ ရေလည်ခေါ်တွင် ခေါင်မိုးတစ်ခု နှင့် ဧည့်ခန်းပုံစံ ဆောက်လုပ်ထားသော အဆောက်အဦးတစ်ခု သိပ်မကျယ်၀န်းပါ။အကားအရံမရှိ အပန်ဖြေဖို့ရန် သက်သက်ဆောက်လုပ်ထားသော အဆောက်အဦးတစ်ခု။ ဘေးပတ်ပတ်လည်ကို သစ်သားလက်ရန်းများဖြင့် ဝိုင်းရံထားသည်။ရေလယ်ခေါ်တွင် ထီးထီးကြီး ဆောက်လုပ်ထားနိုင်တာ နည်းတဲ့ skillမဟုတ်ဘူးဟု ရှောင်ကျန့်တွေးမိသည်။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Hikayelerin yaşadığı yer. Şimdi keşfedin