အပိုင်း 14

4.5K 269 20
                                    

Unicode

   "လမ်းဖယ်ကြ ...လမ်းဖယ်ကြ..မြို့၀န်မင်းလာနေတယ်"

လူတွေအကုန်လုံး ရုတ်ရုတ်သဲသဲဖြင့် ပြာယာခတ်သွားကာ အစောင့်များ၏ တွန်းတိုက်မှုနှင့် လဲသူကလဲ ကြောက်ကြောက်လန့်လန့်ဖြင့် အပြေးဖယ်နေကြသော သူများ၏ အသံများဟာ ဆူငြံနေတော့၏။ရှောင်ကျန့် ပန်ကန်းလုံးတွေကို ကူသိမ်းပေးရင်းမှ လမ်းဘက်သို့ အကြည့်ပို့မိတယ်။ပိုက်ဆံက အခိုးခံလိုက်ရတာကြောင့် ဆိုင်ရှင်ကို ငွေအားမရှိ၍ လုပ်အားဖြင့် ထမင်းဖိုးရှင်းရသည်။

"မြို့၀န်မင်းကို ဂါ၀ရပြုပါတယ်"

  စစ်သူကြီးနှင့် နောက်လိုက်များက ဝေါယာဉ်ပေါ်တွင် ရှိနေသော မြို့၀န်မင်းကို အသီးသီး
ဒူးထောက်ကာ ဂါ၀ရပြုကြသည်။‌ဘေးနှစ်ဖတ်တွင် လူများဟာ ကြိတ်ကြိတ်တိုး ကြည့်နေကြသည်။လမ်းလည်ခေါင်တွင် ဝေါယာဉ်သွားစာ လမ်းကို အစောင့်များက ရှင်းလင်းပေးထားတာကြောင့် အသွားအလာမရှိ။ခပ်သွယ်သွယ် လက်ကလေးတစ်ဖတ် ဝေါယာဉ်၏ လိုက်ကာ အစမှ ထွက်ပေါ်လာကာ
အချက်ပြလေတော့ စစ်သူကြီးနှင့် နောက်လိုက်တို့ ဒူးထောက်နေရာမှ အမြန်ထကြသည်။ဩဇာညောင်းလှသော အသံလေးတစ်ခု

"စစ်သူကြီးတို့ကတော့..အရမ်းတွေယဉ်ကျေးနေစရာမလိုပါဘူးဗျာ"

ရီကျဲကျဲလေးသံလေးဟာ ဩဇာညောင်းလှသော အသံလေးနှင့် ပေါင်းစပ်သွားတော့ တစ်မျိုးတဖုန် ကြက်သီးထစရာဖြစ်လို့နေ၏။

"မြို့၀န်မင်းလာမယ် ဆိုတာမသိလို့..လမ်းကြိုမရှင်းနိုင်ခဲ့ဘူး...မြို့၀န်မင်းစိတ်မကွပ်ပါနဲ့"

"ကောင်းပြီ...အကြောင်းမကြားဘဲ လာခဲ့မိတဲ့ ကိုယ့်အမှားပါ"

"အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူး..မြို့၀န်မင်း"

"ကောင်းပြီး...စစ်သူကြီးလည်း လန့်သွားရောပေါ့.."

  စစ်သူကြီး လမ်းဖယ်ပေးတော့ ဝေါယာဉ်ဟာ ထွက်ခွာသွားလေသည်။မြို့၀န်မင်း ဝေါယာဉ်မရှိတော့သည်နှင့် လမ်းအတွင်းလူများဟာ တခဏအတွင်း ပြန်လည်ကာလူစည်းသွားလေ၏။ရှောင်ကျန့် မြို့၀န်မင်းဝေါယာဉ်ကို တစ်ဆုံးလိုက်ငေးကာ ဖတ်ထုပ်ဆိုင်ရှင်စီသွားပြီ

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now