အပိုင်း 19

4.9K 276 5
                                    

 Unicode

မူးမတ်များရဲ့ အသံများဟာ တိတ်ဆိတ်လို့နေ၏။ရှောင်ကျန့် မိမိရှေ့ရှိ ဇာတ်လိုက်ကျော်ကို မော့ကြည့်ကာ သတွေးကို ခဲခဲယဉ်းယဉ်း မျိုချလိုက်ရသည်။

"ရိပေါ်..."

"မှတ်မိသေးသားဘဲ..မမှတ်မိတော့ဘူးထင်နေတာ.."

"အာမဟုတ်တာ..ငါတို့က "

"ငါတို့က ဘာဖြစ်လဲ..?"

"ငါတို့က..ငါတို့က.."

"ကျစ်!!...မဖြေတတ်ဘူးဆိုရင် ကိုယ်ဖြေပေးမယ်..တစ်ချိန်ကခင်ပွန်းလောင်းလျာလေး..အခု ခင်များအလှည့်ဘဲ "

"ဟမ်..ဟမ်!!"

"ဟင်း..ကိုယ့်ရဲ့ ကြင်ယာတော်လေးက ဘာတွေလန့်နေတာလဲ...စိတ်မပူပါနဲ့ ကိုယ်မင်းကို မသတ်ပါဘူး..ချစ်လွန်းလို့"

အဲ့ဒီ ချစ်လွန်းလို့ ကြီးကို မယုံကြည်တာ ပါ ဇာတ်လိုက်ရယ်။မင်းဘာသူ တခြား ကောင်မလေးတွေနဲ့သာ ပျော်ပါးနေစမ်းပါနော်။

"ရှောင်ကြင်ယာတော်ကို ပြန်ပို့ကြတော့...အခုကြည့်နေတဲ့ အမတ်တွေ အကုန်လုံးကို သတ်ပြစ်လိုက်.."

"ဟုတ်"

  မူးမတ်များဟာ ရုတ်ရုတ်သဲသဲ ဖြင့် ပြေးသူက ပြေးဖြင့် ညီလာခံတစ်ခုလုံးပြာယာခပ်နေတော့သည်။ရှောင်ကျန့် အပြင်သို့ အရောက်
အတွင်းထဲရှိ ‌အာခေါင်ခြစ်အော်သံများဟာ လှိုင်တတ်နေတော့၏။ဇာတ်လိုက်က တရားမျှတမှုကို ဆောင်ကျဉ်းပေးရမှာမဟုတ်ဘူးလား?။

  ရိပေါ် ပုလ္လင်ပေါ်သို့ ပြန်ထိုင်ကာ အောက်ရှိလူများကို ‌ခေါင်းကို လက်တစ်ဖတ်ဖြင့် ထောက်ကာ ကြည့်နေမိသည်။

"ရှောင်ကြင်ယာတော်ကို  အပြစ်ပြောဖူးတဲ့ လူတွေကို ရွေးသတ်.."

  အမတ်အနည်းငယ် သာ ကျန်ရှိနေတော့၏။
မင်းဆိုး တော့မဟုတ် မင်းကောင်းလည်း မဟုတ်ပြန်ဘူး ။

"မင်းကြီး....ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ်"

"ကောင်းပြီး"

"တိုင်းပြည်တွေအကုန်လုံးဟာ မင်းကြီးလက်အောက်ကိုခိုလှုံနေကြပါပြီ..မင်းကြီး"

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now