အပိုင်း 7

6.1K 374 3
                                    

Unicode

  "ဘာကြည့်နေတာလဲ...မျက်နှာမှာ တစ်ခု ခုပေနေတာလား"

ရှောင်ကျန့်ကို ကြည့်နေတာရပ်လိုက်ပြီး အရှက်ပြေချောင်းဟန့်လိုက်ကာ

"မင်းကို ကြည့်တာမဟုတ်ဘူး"

"အော်....ငါသိပြီ...."

ဟုပြောကာ ဘေဘီဝဲယာကို မျက်လုံးလေပင့်ကြည့်နေသော ရှောင်ကျန့်ကို ကြည့်ရင်း ရီချင်စိတ်ကို ထိန်းချုပ်ရသည်။ဘာလေးလဲလေ အရင်က သဘောမကျပေမဲ့ ယခုတော့မတူ အနည်းငယ် အမြင်ပြောင်းလဲသွားရ၏။

  "၀မ်သခင်လေး...ဟိုဘက်သွားမလို့ လိုက်မလား"

ရှောင်ကျန့် သိပ်တော့ မခေါ်ချင်ပါ မသကာ လမ်းလျှောက်နေတုန်း ဂီ့အောင် ကြံနေရင်ဒုက္ခ။ ပြောမရဘူး ဒီကောင်က ငါ့ကို အမြင်မကြည်‌နေတာ ။ မခေါ်လို့လဲမဖြစ်ပြန် ဟန်ဆောင်ပန်ဆောင်နဲ့ ခေါ်မိတာ အစက ငြင်းမယ်ထင်လို့‌လေ။

"သွားရအောင်"

   ဟ ထားတော့ ဇာတ်လိုက်မကို ငါလေးတွေ့ချင်လှပြီ။ပေါင့်ပေ့ရေ ငါကိုယ်တော် လာပြီဟေ့။‌ ရှေ့မှ ဟန်ကိုချီကာ ရှောင်ကျန့် မီးအိမ်၏ အရောင်များရှပ်ပြေးနေသော လမ်းမထက်သို့ ဦးတည်လိုက်သည်။လူသူများတာကြောင့် တိုးရတာကြောင့် ပြင်လာတဲ့ ဆံပင်တောင် အနည်းငယ် ရှုပ်ပွချင်သွား၏။ ခေါင်းကို အမြန်လက်ဖြင့် သက်လိုက်ပြီး နောက်ကို လှည့်ကြည့်တော့ ဇာတ်လိုက်ကို မတွေ့ ဘေးကို ဝေ့ဝဲကြည့်မိတော့လည်း မတွေ့ပြန်ပါ။ဒါလည်း ကောင်းတာပါဘဲ..

"မင်း...မင်းအမည်ကဘာလဲ"

"ပိုင်ရှင်းဆွေ့...."

"ဒါ အမည်ကြီးနေတဲ့ ဟွာလန် ဓါးဂုဏ်က မိန်းကလေး တပည့်လား"

  ထို့သို့သော စကားများကို ရှောင်ကျန့်မလှမ်းမကမ်းမှကြားနေရတာကြောင့် အခြေနေကို သဘောပေါက်မိသည်။အမြန် ထိုလူအုပ်နားကို သွားပြီ သူတို့ပြောတာတွေကို နားထောင်မိသည်။ကောင်းခန်းရောက်ဖို့ အချိန်မလိုတော့တာကို ရှောင်ကျန့်ပါးစပ်မှ
ခပ်ကြိတ်ကြိတ်ရေရွတ်လိုက်သည်။

"ဒါဆို ...မော်ရှန်း..အားမနာနေတော့ဘူး"

"ကောင်းပြီ..ကျွန်မလည်း မသက်ညှာတော့ဘူး"

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now