အပိုင်း 3

7.7K 440 2
                                    

 Unicode

  ရှောင်ကျန့် အမြန်ထကာ.....မောင်းမဆောင်ကြီးအတွင်းမှ ပြေးလာခဲ့လိုက်သည်။

"တော်သေးတယ်....လိုက်မလာဘူးမလား"

မောင်းမဆောင်ကြီးနဲ့ တော်တော်ဝေးဝေးရောက်တော့မှ သက်ပြင်းမောချကာ နောက်သို့ မလုံမလဲကြည့်မိသည်။ဇာတ်လိုက်ကျော် လေဟုန်စီးပြီးလိုက်မလာတာကို တော်သေးတယ်ပြောရမယ်..မဟုတ်ရင် ငါ့ရဲ့ အိုက်အိုက် အသက်ပူတူးတူးလေး သူ့ရဲ့ လက်ဆွဲတော်ကြီးနဲ့ ဂီမှာ။(ဓါးပြောတာနော် တစ်မျိုးမတွေးကြနဲ့🌝)

  "အားလား..လား..သေပါပြီ"

  နောက်ဘဲကြည့်ကာ ရှေ့မကြည့်ဘဲသွားနေတာကြောင့် ရှောင်ကျန့်ရှေ့က မီးအိမ်တင်ထားတဲ့တိုင်ကို မမြင်မိဘဲ ခွရက် တိုက်မိသည်။‌ကိုယ့်အောက်ပိုင်းကို အုပ်ကာ ယုန်ခုန်သလို ခုန်ဆွခုန်ဆွလုပ်ရသေးသည်။
    ကောင်းလိုက်တဲ့ ကံတရားကြီး.. ခုန်ဆွခုန်ဆွလုပ်မှဘဲ စကားပုံတောင်ရှိသေးတယ် 'ယောက်ျားတို့အသက် အပြင်ဘက်တဲ့' ဘယ်သူဖွဲ့လဲလာမမေးနဲ့ ကြားဖူးတာပြောတာ အခုလည်း ဖြစ်နေတာဘဲလေ ဇာတ်လိုက်သတ်လို့ မသေဘဲ ကိုယ့်ဟာတိုက်လို့ သေတဲ့မသာဆိုပြီး အမည်မကြီးချင်သေးဘူး။

  "သခင်ကြီး..."

   ဖြတ်သွားသော အစေခံတစ်ချို့က နှုတ်ဆက်တာကြောင့် ခုန်နေတာရပ်ပြီး မျက်နှာကို ဟန်ချီကာ ပုံစံမပျက် အရှိန်ဝါထွက်ပြီး ဟိတ်ကြီး ဟန်ကြီး နဲ့ ခေါင်းငြိမ့်ပြရသေးတယ်။မလွယ်ဘူး..မလွယ်ဘူး...ထိုနေရာမှ
  ရှောင်ကျန့် ယုန်သွားနည်းဖြင့် အိပ်ယာရှိရာဆီ တစ်လှမ်းခြင်းခုန်လိုက် အိမ်အစေခံများကို တွေ့တော့ သရုပ်ဆောင်လိုက်ဖြင့် လမ်းတွင်နာရီ၀က်ကြာသွားရ၏။
အားဟန်လာမှ တိတ်တိတ်ကလေး ရေနွေးအိတ်ယူခိုင်းရတော့သည်။

*****************************

"၀မ်သခင်လေး..ကတော့ဗျာ မဂ်လာဦး...ညကတဲ့က ဘယ်လိုကြောက်အောင်ခြောက်လိုက်တာလဲမသိဘူး..လစ်လစ်ကိုပါလို့ ပြေးတာ တစ်ချိုးတည်း...ဟား..ဟား!.."

တစ်ဖတ်နိုင်ငံမှ မင်းသားဖြစ်သူ မို့ရီဟွိုက်မှ ‌၀မ်ရိပေါ်ပုခုံကို ကိုင်မလို့ရှိသေး ရိပေါ်မှ နောက်သို့ ဆုတ်လိုက်တာကြောင့် လက်ကို ကိုယ်ရှိန်ပြန်သတ်ကာ လက်ကိုနောက်ပြစ်လိုက်ရသည်။ ရိပေါ်ဟာ လွတ်လွတ်လပ်လပ်နေခြင်းသူဖြစ်သော်လည်း သူ့ကို ထိရင် မကြိုက်ပါ ....

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Opowieści tętniące życiem. Odkryj je teraz