အပိုင်း 2

8.5K 481 17
                                    

Unicode

  "ကျစ်!!..."

  ရိပေါ်တစ်ယောက် ‌အဆောက်အဦးအတွင်းရှိ တစ်ယောက်အခန်းထဲတွင် လက်ကို နောက်ပြစ်ကာ ခေါက်တုန့်ခေါက်ပြန် လျောက်နေမိသည်။
    ဘုရင့်အမိန့်ကြောင့်သာ လက်ထက်လိုက်ရသော်လည်း ရိပေါ်စိတ်မပါပါ။ဖြစ်နိုင်လျှင် မွေးကတဲ့က မိဘမဲ့ဖြစ်ခဲ့လျှင် ဒီလိုမျိုးချုပ်နှောင်ခံရမည်မဟုတ်။ရှောင်သခင်ကြီး ဆိုသူမှာလည်း တစ်နေ့ကို ‌‌လူတစ်ယောက်ကို
ယူလိုက်ရမှကို ကျေနပ်သည့် အမျိုးလားဟု ရိပေါ်တွေးမိပြန်သည်။သူ့ကို ယူထားတာမကြာသေး သေရည်ဆိုင်က ကခြေသည်ကို ယူပြန်ပြီတဲ့လေ။

"ကျစ်!!..."
  
စုတ်တစ်ချက်သတ်ကာ အခန်းတွင်းရှေ့နောက် ကူးနေရသည်။

  "သခင်ကြီးက ငါတို့ကို မလိုချင်တော့ဘူးတဲ့"

  "ဟမ်.!!.မင်းပြောတာဖြစ်နိုင်တယ်...လူဦးရေကလည်း တစ်နေ့ကို အနည်းဆုံးနှစ်ယောက် တိုးတာဆိုတော့ အဟောင်းကို မေ့ပြီး အသစ်တွေ့လို့နေမှာပေါ့...ဒါလဲကောင်းတာဘဲလေ..."

"မကောင်းပါဘူး.....ငါကသခင်ကြီးကိုချစ်နေမိပြီ"

"ဟေ...မင်းဘဲပြောတော့ နှာဘူးကြီးဆို...ဘယ်လိုဖြစ်ရတာလဲ"

"ဒီကနေ့ မနက်ကမှ ချစ်မိသွားတာ..အပြုံးလေးနဲ့ကို ...ဟီး"

  "မင်းတော့ ဆေးလိုက်လဲ မမှီတော့ဘူး"

  ရိပေါ် အပြင်ဘက်မှ ကိုယ်လုပ်တော်နှစ်ယောက်ရဲ့ ပြောစကားများကို အတိုင်းသားကြားနေရသည်။လူဦးရေလျှော့မှာဆိုတော့
အခွင့်ကောင်းဘဲ.ရိပေါ်အနည်းငယ်တွန့်ဆုတ်နေမိတာဟာ ဘာကြောင့်ပါလဲ...

  *************************

   ရှောင်ကျန့်သည် အ၀တ်စားများကို ကြည့်ကာ သဘောအကျကြီးကျနေတော့၏။ဘယ်ဆိုးလို့လဲ အ၀တ်စားရွေးတာတော်သားဘဲဟု ချီးကျူးကာ.....ကျောက်စိမ်းရောင် ပိုးသား၀တ်စုံကို ၀တ်လိုက်သည်။
   အပေါ်ယံအလွှာကို ငွေ‌မှုန့်လေးများဖြူးထားတာကြောင့် တလပ်လပ်နှင့် တောက်ပနေတော့၏။ ‌ခေါင်းကို ကျောက်စိမ်းရောင် ခေါင်းစည်းကြိုးဖြင့် တစ်၀က်မြောက်စီးထားပြီ တစ်၀က်ကို ဖြန့်ချထားသည်။ဝါကျင့်ကျင့်မှန်ထဲက ကိုယ့်ပုံရိပ်ကိုကြည့်ကာ သဘောကျနေ၏။
   ဘယ်‌ရှုထောင့်ကနေ ကြည့်ကြည့် ‌ချောမောနေတာ..နှာဘူးဘုရင် ဆိုတာအရင်ခန္ဓာကိုယ်ပိုင်ရှင် ဘဲဖြစ်ရမည်။အခုက နှာဘူး ဘုရင်မဟုတ်တော့ဘူး...moneyဘုရင်ကွ..ဘာမှတ်နေ။ဘယ်ဘက်ကို လက်ဖြန့်တောင်းတောင် အနည်းဆုံးရွှေတစ်တုံးရတယ်။အိမ်တော်တစ်ခုလုံးရဲ့ စရင်းကို စစ်ဆေးကြည့်ရာ ငွေသားဟာ အိမ်တော်တစ်လုံးအပြည့် ဘယ်လောက်သုံးသုံး သကြားမင်းရဲ့ ရွေအိုးလို သူ့အလိုလို တိုးနေတာတော့မတတ်နိုင်။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now