အပိုင်း 18

4.7K 285 8
                                    

Unicode

တိတ်ဆိတ်နေမှုဟာ ခြောက်ခြားဖွယ်အတိ၊လမ်းသွယ်များဟာ ကွေ့ပတ်ကာ ၀င်္ကပါလို တည်ရှိနေ၏။ထိုလမ်းပေါင်းများစွာကို အချိန်အတိအကျ ကြိုစားကာ လမ်းမှန်ရောက်အောင်ဦးတည်သွားရသည်။မတတ်သာသည့် အခြေအနေမို့ သာ မဟုတ်လျှင် ထိုသို့ လမ်းပျောက်လိမ့်မည်မဟုတ်။နောက်ကျောဘက်ဆီမှ အေးစိမ့်မှုကြောင့် လှည့်ကြည့်မိရာ လူတစ်ဦး မဟုတ်ဘူး လူသေအလောင်း.....

"အား!!!!!!!!!!"

"သခင်ကြီး..ဘာဖြစ်လို့လဲ..သခင်ကြီး"

   အားဟန်၏ ပြာပြာသလဲ ‌အသံကို ရှောင်ကျန့် ဂမန်းကတန်းထထိုင်မိသည်။စောချွေးများဟာ အိမ်မက်ဆိုးမက် ‌နေခဲ့သည်။ထိုအရာသာ အိမ်မက်အဖြစ်ရှိနေခဲ့၍ တော်သေးသည်ဟု ရှောင်ကျန့်တွေးမိသည်။

"ရတယ် ဘာမှမဖြစ်ဘူး..ဒီတိုင်း အိမ်မက်ဆိုးမက်တာ..သွားတော့"

"ဟုတ်..သခင်ကြီး...လိုအပ်တာရှိရင်..ခေါ်လိုက်ပါ"

   အားဟန်ထွက်သွားတော့မှ ရှောင်ကျန့်ပြန်အိပ်ပျော်ရန်ကြိုးစားလိုက်သည်။စိတ်ထဲတွင် မနက်ဖြန်ဆိုသည့် နေ့ရက်ကလေးကို ကြိုတင်ကာ planချထားလိုက်သည်။

  မနက်ခင်းနေရောင်ခြည်နုနုဟာ ပါးလွှာသော လိုက်ကာ စမှတဆင့် ရှောင်ကျန့် မျက်နှာပေါ်သို့ ဖြန့်ကျပ်ကာ နွေးထွေးမှုကို စောင့်ထိန်းပေး၏။ ‌‌အမြန်ထကာ မျက်နှာသစ် အ၀တ်စားလဲ ပြီး ရှောင်ကျန်း့နန်းတော်သို့ ဦးတည်ရသည်။

"အစ်ကိုတော်.."

"ကျန့်ငယ်..မနေချင်တော့ဘူးဆိုရင် စာသာပို့လိုက်..မရ ရတဲ့နည်းနဲ့ ခေါ်ထုတ်ပေးမယ်"

"အစ်ကိုတော်မသိလို့ပါ..ကျွန်တော်က ရောက်ရာအရပ်မှာ ပျော်ပျော်နေတတ်တယ်"

စိတ်ပေါ့စေရန် လေသံကို ခပ်မြူးမြူး ပြောရခြင်းပင်။အမှန်းတိုင်းပြောရလျှင် သေမင်းဂုဏ်ကို မသွားချင်ပါ။ အခုဟာက သိုင်းလောကနဲ့ တိုင်းပြည် တို့ကို ဂယပ်ထအောင် စောင်းကျဉ်းပေးနေသည်။သေမင်း ဂုဏ်ကို
အမှန်ကို မသွားချင်ပါ။

"အစ်ကိုတော်..လက်ဖွဲ့ကရော..အကုန်အဆင်သင့်ဘဲလား..အဓိက ပို့ကုန်တွေကော..နောက်ပြီ...ခန်း၀င်ပစ္စည်း"

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Wo Geschichten leben. Entdecke jetzt