အပိုင်း 6

6.3K 378 4
                                    

Unicode

  မြို့တော်နေရာအနှံ့အပြားကို ရောင်စုံမီးပုံလေးများဟာ ကွင်းအပြည့်ချိတ်ဆွဲလို့ထားသည်မှာ လှပသက်၀င်လွန်းလှ၏။ နေရာတိုင်းလိုလို ကြာပန်းခွက်ဆိုင်များကို လက်ညှိုးထိုးမလွှဲတွေ့မြင်နေ၏။
    ယခုဟာဆိုလျှင် နှစ်သစ်ကူးပွဲတော်ရဲ့ ညနေချမ်းလေပင်။ဆိုင်ဖွင့်သော သူများနှင့် ဆိုင်းခန်းခင်းထားသော သူများမှာ လမ်းတွင် ဟိုကူး ဒီကူးဖြင့် အလုပ်ရှုတ်နေကြသည်။ဤအချိန်၌
မိန်ကလေးများကို သိပ်မတွေ့ရတတ်ပါ။ဘာလို့ လဲဆိုတော့ ဖီးလိန်းပြင်ဆင်နေကြကာ သူ့ထက်ငါ အပြိုင်လှချင်သူများဖြစ်သည်။
    မင်းနိုင်ငံရဲ့ ဥပဒေသည် ယောက်ျားတိုင်း မိန်းမအကန့်သတ်မရှိယူလို့ ရသလို မိန်းကလေးတွေတိုင်းကလည်း ယောက်ျား ယူချင်လျှင် နှစ်သစ်ကူးပွဲနေ့တွင် အလှဘောလုံးပြစ်လျှင် ပြစ် ၊ဒါမှမဟုတ် အမွှေးအိတ်ပေးကာ ရွေးချယ်ကြသည်မှာလည်း ထုံးစံမပျက်။

"ကောင်လေးတွေ..အဆင်သင့်ဘဲလား.."

"ဟုတ်...သခင်ကြီး.."

ရှောင်ကျန့်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးသည်နှင့် အနောက်ဆောင် သို့မဟုတ် မောင်းမဆောင်သို့ သွားကာ သူ့ရဲ့ မောင်းမတွေအကုန်ကို သွားခေါ်လိုက်သည်။ဒီရက်တွေအတွင်း အမျိုးမျိုး သော ကံဆိုးမှုတွေနှင့် နှင်ထုတ်ထားတာကြောင့် တော်၀င်မင်းသားများဟာ အိမ်တော်ကနေ အပြီးတိုင်ထွက်သွားကြလေသည်။ထိုထဲတွင် ဇာတ်လိုက်နှင့်
ကောင်လေး 5ယောက်သာ မထွတ်သွားဘဲ နေနေ တာကြောင့် ရှောင်ကျန့်လက်လျှော့လိုက်ရတော့၏။

"၀မ်ရိပေါ်!!...ဘယ်သွားတာလဲ"

"ငါဘယ်သိမလဲ.."

  တီးတိုး တီးတိုးဖြင့် ကိုယ်လုပ်တော် ကောင်လေးနှစ်ယောက်ရဲ့ စကားကို နားပါးလှသော ရှောင်ကျန့်မှာ အတိုင်းသား ကြားနေရသည်။

"မြန်မြန် သွားခေါ်လေ...ဘာရပ်လုပ်နေတာလဲ..သခင်ကြီးစိတ်ကို မင်းလည်း မသိတာ‌ကြလို့"

  "အေး..ခဏလေး.."

   ရှောင်ကျန့် တိုင်ကို ခေါင်းမှီကာ စောင့်နေရင်း မျက်လုံးပေါ်သို့ ဝဲကျနေသော ဆံပင်များကို လေဖြင့် တဖူးဖူး မှုတ်ကာ လက်ပိုက်လျက် စောင့်နေသည်။ဒီဇာတ်လိုက်ကတော့ မသိရင် သူ့မိန်းမယူဖို့ ငါကအဖေနေရာကနေ သွားတောင်းတော့မဲ့မိဘ အတိုင်းဘဲ ပြင်လို့ကို မပြီးနိုင်ဘူး။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now