အပိုင်း 5

6.7K 382 11
                                    

  Unicode

"သခင်ကြီး...ဘယ်တွေသွားနေတာလဲဗျာ..လုပ်ကြံသူရောက်လာတာ"

"ဘာလို...."

"ဟုတ်တယ်..သခင်ကြီး..ကျွန်တော်ကို..သခင်ကြီးထင်ပြီးတော့...သတ်တာ..ကျွန်တော်ကံကောင်းလို့ အစောင့်တွေမြန်မြန်ရောက်လာလို့...ကျေးဇူးတင်ရမယ်...လုပ်ကြံတဲ့ကောင်ဒဏ်ရာနဲ့ ထွက်ပြေးသွားတာဘဲ"

  ရှောင်ကျန့် သတွေးမြိုချကာ ခုံပေါ်သို့ ထိုင်ရင်း အားဟန် ငဲ့ပေးထားသော ရေနွေးခွက်ကို ကိုင်ပြီး စဉ်းစားနေတော့၏။

ဇာတ်လိုက်တော့မဖြစ်နိုင် ပိုင်ချင်းချင်းကို သူ့လက်နဲ့ ဆွဲခေါ်သွားတာ ရှောင်ကျန့် မျက်မြင်လေ..ဒါဆို ဟို ငအလေးလား..
ရှောင်ကျန်း ဒေါသထွက်ကာ ခုန်ကို တစ်ချက်ထုရင် စိတ်ထဲမှ အားရပါးရကျိန်းဆဲနေတော့သည်။ညရောက်သော်လည်း‌ ရှောင်ကျန့် အိပ်၍မပျော်ပါ ဒါကြောင့် ကုတင်ပေါ်ကနေ ထထိုင်ကာ လက်သည်းကိုက်ရင်း မနက်က ဟို ငအက ဘာလို့ငါ့ကိုလာသတ်ရတာလဲ။ဇာတ်လိုက်ကို ကြိုက်နေလို့လား.မဟုတ်သေးပါဘူး ငါဖတ်တာnomalလေ blမှမဟုတ်တာကို ရှောင်ကျန့် မရူးစမ်းနဲ့ အဲ့ဒါဆို ဘာလို့ လာသတ်တာလဲ ...ဒါမှမဟုတ် ဇာတ်လိုက်လွှတ်လိုက်တဲ့လူလား...အဲ့ဒါလည်း မဟုတ်သေးဘူး...ဘယ်ကနေဘယ်လို ဟို ငအ က
ရွှီးရှောင်ဂွိရှောင် ထွက်လာတာ‌လဲ။
သို့လော သို့လော အတွေး များနေတာကြောင့် ရှောင်ကျန့် မနက်မိုးလင်းသွားရကာ ပန်ဒါမျက်ကွင်းဖြင့် ငုတ်တုတ်ထိုင်နေတော့သည်။

"အားဟန်...အ၀တ်စားလဲပေး...ငါသခင်ကြီးသွားစရာရှိတယ်"

  ရှောင်ကျန့် ခရမ်းဖျော့ရောင် ၀တ်စုံကို ၀တ်လိုက်ကာ ဆံပင်ကို အကုန်စုစည်းလိုက်ပြီး ခပ်မြှောက်မြှောက်လေးစီးထားသည်။အားဟန်ကို မှင်နှင့် စာရွက်တစ်ချို့ကို ယူခိုင်းကာ စကလုံးတစ်ချို့ကို ရေးဆွဲလိုက်သည်။လေဖြင့် မှင်ခြောက်သွားအောင်မှုတ်ထုတ်ကာ စာရွက်ကို အသေချာခေါက်လိုက်ပြီ လက်အိပ်ထောင်ထဲသို့ ထည့်လိုက်သည်။ထို့နောက် ခြေလှမ်းကို ‌အနောက်ဆောင်ဘက်သို့ လှည့်လိုက်သည်။အရင်ကတစ်ခေါက်ရောက်ဖူးကတဲ့က လမ်းကို ရှောင်ကျန့်မှတ်မိနေလေ၏။ထို့ကြောင့် လမ်းပြမလိုတော့ပါ။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now