အပိုင်း 12

5.2K 304 4
                                    

Unicode

  မိုးရေစက်လေးများဟာ ထီးဖြူလေးတစ်လျှောက် မြေကြီးပေါ်သို့ တစ်စက်စက် ကျ‌ဆင်းနေ၏။ရှောင်ကျန့် ထီးကို ပိတ်လိုက်ပြီး ရိပေါ်ကိုယ်ပေါ်ကနေ ညာဘက်လက်ဖြင့် ထီးကို ကိုင်ကာ အိမ်ဒေါင့်တစ်နေရာသို့လှမ်းပြစ်လိုက်သည်။

"ရိပေါ်....ငါ့ကိုအခု..အောက်ချပေးလို့ရပြီမလား"

ရိပေါ်ဘာမှမပြောဘဲ ရှောင်ကျန့်ကို ခုံပေါ်သို့တင်ပေးလိုက်သည်။ထို့နောက် ‌မပြောမဆိုနှင့် ထွက်သွားသော ရိပေါ်ကို ‌ခုံပေါ်ကနေ ထိုင်စောင့်နေလိုက်သည်။ခဏအကြာ တဘတ်တစ်ထည်နှင့် ရောက်လာသော ရိပေါ်ကို တွေ့ခိုက်

  "ငါ့ကို သုတ်ပေးမလို့လား...အားနာစရာကြီး"

လို့သာပြောတာ လူက ရိပေါ်ရှေ့ကို ရောက်ရှိသွားသည်။ရိပေါ် တိတ်တခိုးရီလိုက်ရင်း တဘတ်ဖြင့် ရှောင်ကျန့်ကို လှမ်းပေးလိုက်တော့
မျက်လုံးလေးပြူးကာ ယောင်နနလေးနှင့် လှည့်ကြည့်လာ‌သည်။
    ရိပေါ် မျက်ခုံးတစ်ချက် ပင့်ကာ ကိုယ့်ဘာသူ သုတ်ဆိုသည့် သဘောဖြင့် လုပ်ပြတော့ ရှောင်က တဘတ်ကို ဇွက်ကနဲ့ယူပြီး ပွစိပွစိ ပြောကာ ထွက်သွားတော့မှ ရိပေါ်  ထိန်းထားခြင်းခံရသော အပြုံးတစ်ချို့တို့ဟာ အဆက်မပျက် ထွတ်ပေါ်လာတော့၏။

"ငါ့ကို တဘတ်နဲ့သုတ်ပေးမယ်မှတ်လို့သွားမိပါတယ်....သောက်ဂွဘဲ !"

  စကားကို တိုးတိုးလေးနှင့် ကြက်တူရွေးစာကျက်သလို တကျက်ကျက်ဖြင့် ရွတ်နေ၏။လက်ထဲမှ တဘတ်ကို ငုံ့ကြည့်ပြီး ခေါင်းကို သုတ်လိုက်သည်။ရေအနည်ငယ်စိုနေသော အ၀တ်ကို ခရမ်းဖျော့ဖျော့ အင်္ကျီအမြန်လဲကာ‌ စောင်ထဲကွေးနေလိုက်သည်။မိုးရွာကြီးထဲ ကနေ လာခဲ့ရတာကြောင့် ရှောင်ကျန့် တကိုက်ကိုက် နဲ့ ချမ်းလာရ၏။
အားဟန်ကို စွပ်ပြုတ်ကျိုခိုင်းပြီး သောက်လိုက်သည်။ ရှောင်ကျန့် တခဏတာအတွင်း အိပ်‌ပျော်သွားခဲ့၏။

  သာယာသော မနက်ခင်းရဲ့ အစကို ငှက်ကလေးများ၏ တကျိကျိ အော်သံများဟာ သာယာနာပျော်ဖွယ် တေးသံစဉ်တစ်ပုဒ်လို သာယာလွန်းလှ၏။မနက်ခင်းနေရောင်ခြည်ခပ်နွေးနွေးလေးကို အပြည့်၀ရရှိစေရန် အိမ်ရှေ့ရှိ ဟင်းလင်းပြင်ထက်တွင် ကုလားမှီလေးနှင့် ဇိမ်ခံနေရသည်မှာလည်း ရှောင်ကျန့် အကြိုက်ဆုံးပင်။
ကိုယ်ကိုမှီထားကာ မျက်နှာကို ကောင်ကင်ပြင်ပေါ်သို့ ပတ်လတ်အနေအထားဖြင့် ကြည့်နေမိသည်။

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now